News

POST TYPE

LATEST NEWS POST

ဗိုလ်တထောင်တရားရုံးက ဒေါ်နီလာသိန်းအပါအဝင် လေးဦးကို အာမခံပေး
23-Jul-2019
ရန်ကုန်၊ ဇူလိုင် ၂၃

ဗိုလ်တထောင်မြို့နယ် တရားရုံးတွင် တရားစွဲဆိုခံထားရသော ဒေါင်းတို့ မျိုးဆက်သံချပ်အဖွဲ့ တရားရုံးထုတ်စဉ်က ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်မှုနှင့်ပတ်သက်ပြီး တရားစွဲခံထားရသော ဒေါ်နီလာသိန်းအပါအဝင် လေးဦးကို တရားရုံးက အာမခံပေးလိုက်သည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ဖမ်းဆီးခံထားရသည့် မကေခိုင်ထွန်းနှင့် မဆုရတနာမြင့်တို့ကို မေလ ၂၁ ရက်နေ့ ရုံးထုတ်စဉ် ရဲတပ်ဖွဲ့က တွန်းလိုက်ရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည့်အတွက် ဒေါ်နီလာသိန်း၊ ကိုနိုင်ကိုသူ၊ မရှားယမုံ၊ ကိုနန်းလင်းနှင့် ကိုမင်းဟန်ထက်တို့ ငါးဦးကို ရာဇသတ်ကြီး ပုဒ်မ ၃၃၂/၃၅၃တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ထို ငါးဦးထဲတွင် ကိုမင်းဟန်ထက်မှာ ဆဲဗင်းဇူလိုင်ဆန္ဒထုတ်ဖော် လမ်းလျှောက်ချီတက်ပွဲကြောင့် အဖမ်းခံရကာ အင်းစိန်အကျဉ်းထောင်ထဲမှ အမှုရင်ဆိုင်နေရသူဖြစ်သည့်အတွက် လေးဦးကိုသာ တစ်ဦးလျှင် သိန်း၂၀ ဖြင့် အာမခံရရှိခဲ့ခြင်းဖြစ်သည်။




  • VIA