News

POST TYPE

LATEST NEWS POST

ရွှေဝါရောင်ဆရာတော် ဦးစိန္တိတအား တရားစွဲရန် တိုင်ထားသည့်အမှု တရားရုံးလက်မခံဘဲ ပလပ်
23-Jul-2019
မန္တလေး၊ ဇူလိုင်၂၃

ရွှေဝါရောင်ဆရာတော် ဦးစိန္တိတကို တပ်မတော်မကောင်းကြောင်းများကို လူမှုကွန်ယက်တွင် ပြောဆိုရေးသားသည်ဟုဆိုကာ ဒုတိယဗိုလ်မှူးကြီး သန့်ဇော်ဦးက နိုင်ငံတော် အကြည်အညိုပျက်စေမှုဖြင့် တရားစွဲဆိုအရေးယူပေးရန် တရားရုံး ဦးတိုက်လျှောက် တိုင်တန်းထားသည့် အမှုကို ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက ဇူလိုင်လ ၂၃ ရက်နေ့က ပလပ်လိုက်သည်။

“ဒီအမှုမှာက လူမှုကွန်ယက်မှာတင်တာဖြစ်တဲ့အတွက် ဆက်သွယ်ရေးဥပဒေအရ စွဲရမယ့်ကိစ္စဖြစ်တယ်။ ဆက်သွယ်ရေးဥပဒေအရ တရားစွဲမယ်ဆိုရင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက ခွင့်ပြုချက်ယူရမယ်။ ရဲစခန်းမှာ တိုင်တန်းအမှုဖွင့်ပြီး လာရမှာလည်းဖြစ်ပေမယ့် အဲ့ဒီလိုမဟုတ်ဘူး။ ဦးတိုက်လျှောက်မှုဖြစ်တယ်။ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်လည်း မပါတာဖြစ်တဲ့အတွက် အမှုကို ပလပ်လိုက်တာပါ”ဟု မြို့နယ်တရားသူကြီး ဦးအောင်ကျော်ဦးက ပြောကြားသည်။

တရားလိုဖြစ်သူ ဒုဗိုလ်မှူးကြီး သန့်ဇော်ဦးက တရားဥပဒေအတိုင်း ဆုံးဖြတ်ခဲ့ခြင်းအပေါ် မည်သို့မျှ မှတ်ချက်မပြုလိုကြောင်း ပြောဆိုသည်။

M-04