News

POST TYPE

LATEST NEWS POST

မန္တလေးတွင် ဧရာဝတီမြစ်ရေတက်မှု ၂၀၀၄ စံချိန်တင်ရေမှတ်ကို မရောက်သေးဟုဆို
22-Jul-2019


ရန်ကုန်၊ ဇူလိုင် ၂၂

မြောက်ဖျားဒေသများတွင် မိုးအားကောင်းနေခြင်းကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး မန္တလေးမြို့တွင် စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်ရောက်ရှိခဲ့သော်လည်း ၂၀၀၄ ခုနှစ်က အမြင့်ဆုံးရောက်ရှိခဲ့သည့် ရေမှတ်သို့ ရောက်ရှိခြင်းမရှိသေးကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (အထက်မြန်မာပြည်) မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။



ဧရာဝတီမြစ်ရေသည် မန္တလေးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်ဖြစ်သည့် ၁၂၆၀ စင်တီမီတာကို ကျော်လွန်၍ ၁၂၈၅ စင်တီမီတာအထိသို့ ဇူလိုင်လ ၂၁ ရက်နေ့က ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ၂၂ ရက်နေ့ တိုင်းထွာချက်များအရ ၁၂၈၃ စင်တီမီတာသို့ ရောက်ရှိနေသည်။

၁၉၈၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း မန္တလေးမြို့၏ အမြင့်ဆုံးရေမှတ်များမှာ ၁၉၉၇ ခုနှစ်တွင် ၁၃၀၅ စင်တီမီတာ၊ ၂၀၀၄ ခုနှစ်တွင် ၁၃၈၂ စင်တီမီတာ၊ ၂၀၀၇ ခုနှစ်တွင် ၁၃၁၆ စင်တီမီတာ၊ ၂၀၁၆ ခုနှစ်တွင် ၁၃၂၅ စင်တီမီတာနှင့်၂၀၁၇ ခုနှစ်တွင် ၁၂၉၀ စင်တီမီတာသို့ ရောက်ရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏မှတ်တမ်းများအရ သိရသည်။

E-03




  • VIA