News

POST TYPE

LATEST NEWS POST

ပေါ်တူဂီတောမီး မီးသတ်အင်အား ၂၀၀၀ ခန့်ဖြင့် နှိမ်နင်းနေရ
22-Jul-2019


လစ္စဘွန်း၊ ဇူလိုင် ၂၂

ပေါ်တူဂီနိုင်ငံ တောင်ပေါ်ဒေသတွင် တောမီးများ ပြင်းထန်စွာ လောင်ကျွမ်းနေခဲ့ရာ မီးသတ်အင်အား ၂ ထောင်ခန့်က သည်းသည်းမည်းမည်း တွန်းလှန်နေရကြောင်း သတင်းများက ဖော်ပြထားသည်။

မီးသတ်လေယာဉ်များ၊ ရဟတ်ယာဉ်များသုံးကာ မီးသတ်နေရသော အဆိုပါ တောမီးဧရိယာသည် ၂၀၁၇ တုန်းကလည်း တစ်ကြိမ် တောမီးလောင်ခဲ့ဖူးပြီး လူ ၁၀၀ ခန့် သေဆုံးခဲ့ရဖူးသည်။

မီးသတ် ၁၇၀၀ ဦး၊ မီးသတ်ယာဉ် ၄၀၀ ဖြင့် ရင်ဆိုင်နေသော တောမီးသည် ကတ်စ်တယ်လိုဘရန်ကို ဒေသတွင် အပြင်းထန်ဆုံးသော တောမီးဖြစ်ခဲ့သည်။

တောမီးလောင်ရာ နေရာသည် မြို့တော်လစ္စဘွန်းမှ မြောက်ဘက် ကီလိုမီတာ ၂၀၀ အကွာတွင် တည်ရှိကြောင်း ကယ်ဆယ်ရေးလုပ်သားများက ပြောကြားသည်။

ရပ်ရွာများကိုပါ မီးကူးစက်ခဲ့ရာ မီးသတ်သမား ၈ ဦး အရပ်သား ၁၂ ဦးအပါအဝင် စုစုပေါင်း လူ ၂၀ ခန့် ဒဏ်ရာများ ရရှိထားသည်ဟု ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပြင်းထန်စွာ မီးလောင်ဒဏ်ရာ ရရှိထားသော အရပ်သားတစ်ဦးကို လစ္စဘွန်းမြို့သို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ထားသည်။ 

F-02


  • VIA