News

POST TYPE

LATEST NEWS POST

အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ ထောက်ခံပွဲ ပြုလုပ်
21-Jul-2019
ချောက်၊ ဇူလိုင် ၂၁

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအား ထောက်ခံပွဲကို ကျောက်ပန်းတောင်းမြို့တွင် ဒေသခံပြည်သူ ၂၀၀၀ ခန့်က ယနေ့ (ဇူလိုင်လ ၂၁ ရက်) နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ယင်းမြို့ သီရိမင်္ဂလာရပ်ကွက် ပန်းသီတာဥယျာဉ်ပန်းခြံမှ စတင်၍ ကုန်းတော်ကြီးလမ်းဆုံ၊ ဘူတာလမ်းဆုံ၊ မီးသတ်လမ်းဆုံတို့မှ လွတ်လပ်ရေးရပ်ကွက် မြို့နယ်အားကစားကွင်းအထိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး (ဒို့အရေး) ဟု ကြွေးကြော် စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်သည်။

အဖွဲ့ဝင် ၄၅ ဦးပါဝင်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ဇူလိုင်လ ၁၅ ရက်ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တင်သွင်းခဲ့ရာ ဆွေးနွေးမည်ကိုယ်စားလှယ်များအနေနှင့် ဇူလိုင် ၂၂ ရက် နောက်ဆုံးထားပြီး အမည်စာရင်း တင်သွင်းရမည်ဖြစ်သည်။

R-24





  • VIA