News

POST TYPE

LATEST NEWS POST

ဗြိတိန်သင်္ဘောကို ဖမ်းဆီးထားသည့် အီရန်၏ လုပ်ရပ်အတွက် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး သတိပေး
20-Jul-2019



လန်ဒန်၊ ဇူလိုင် ၂၀

ဗြိတိန် အလံလွှင့်ထူထားသော ရေနံတင်သင်္ဘောကြီးတစ်စင်းကို အာရေဗျပင်လယ်ကွေ့အတွင်းတွင် သိမ်းဆည်းလိုက်သော အီရန်၏ လုပ်ရပ်သည် တရားမဝင်ကာ မတည်ငြိမ်စေသော အမူအရာဖြစ်သည့် အန္တရာယ်လမ်းကြောင်းဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျရမီဟန့်က ပြောကြားလိုက်သည်။

Stena Impero ဟု အမည်ရသည့် ဗြိတိန်သင်္ဘော၏ ပိုင်ရှင်က ဟော်မုတ်ဇ် ရေလက်ကြား ဒေသတွင် သင်္ဘောနှင့် အဆက်အသွယ် မရတော့ကြောင်း အတည်ပြုထားသည်။

အီရန်၏ လက်မခံနိုင်ဖွယ်ဖြစ်သော အပြုအမူအတွက် ဗြိတိန်အစိုးရက စိုးရိမ်ပါကြောင်း ပြန်လည်ထုတ်ပြန်ထားသည်။

ဗြိတိန်တော်ဝင် မရိန်းစစ်သားများက အီရန်ရေနံတင်သင်္ဘောတစ်စီးကို ဂျီဘရော်တာတွင် မကြာသေးခင်ကမှ သိမ်းဆည်းဖမ်းဆီးထားခဲ့သည်။

ယခု ဗြိတိန်သင်္ဘောကို အီရန်က ပြန်သိမ်းပြီးနောက် ဗြိတိန်ဘက်က စိုးရိမ်ကြောင်း သတိပေးချက်များ ထုတ်ပြန်နေခြင်း ဖြစ်သည်။

လွတ်လပ်စွာ ရေကြောင်းသွားလာခြင်းကို ထိန်းသိမ်းရမည်ဖြစ်ကာ အခြေအနေကို လျင်မြန်စွာ မဖြေရှင်းနိုင်ပါက နောက်ဆက်တွဲအရေးအခင်းများ ဆက်ဖြစ်လာနိုင်သည်ဟု ဗြိတိန်ဝန်ကြီးက ပြောဆိုသည်။

F-02