News

POST TYPE

LATEST NEWS POST

H1N1 နှင့်ပတ်သက်၍ ပြည်သူကို ဖုံးကွယ်ထားခြင်းမရှိဟုဆို
20-Jul-2019

ရန်ကုန်၊ ဇူလိုင် ၂၀

ရာသီတုပ်ကွေးရောဂါ H1N1 နှင့်ပတ်သက်၍ ရောဂါဖြစ်ပွားမှုနှုန်း၊ သေဆုံးမှုနှုန်း စသည့်အချက်အလက်များ ပြည်သူကို ဖုံးကွယ်ထားခြင်းမရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောကြားသည်။

“သေတဲ့လူနာတိုင်းကို အတိအကျ ကောက်ယူပြီး စာရင်းထဲထည့်တယ်။ သေဆုံးမှုနှုန်း ပြည်သူလူထုကို အများကြီး မပြတာ၊ ဒေတာတွေ ဖုံးကွယ်ထားတာ မလုပ်ဘူး။ ဒီတော့ စာရင်းအနေနဲ့တော့ များတယ်။ ဒါပေမဲ့ စာရင်းတွေကို တိတိကျကျ မှန်မှန်ကန်ကန် ထုတ်ပြန်ထားတယ်” ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံတစ်ဝန်း ယခုနှစ်၊ ဇန်နဝါရီမှ ဇူလိုင် ၁၉ ရက်အထိ ရာသီတုပ်ကွေးရောဂါ ဓာတ်ခွဲစစ်ဆေးသူ စုစုပေါင်း ၇၆၃ ဦးရှိပြီး ဓာတ်ခွဲအတည်ပြု ဖြစ်ပွားသူဦးရေ ၃၂၉ ဦးနှင့် သေဆုံးသူ ၆၃ ဦးထိ ရှိလာကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲထံမှ သိရသည်။

J-12