News

POST TYPE

LATEST NEWS POST

တစ်ဖက်သတ်ကြိုက်နေသည့်အမျိုးသားက အိမ်ထောင်ရှင်အမျိုးသမီးကို မုဒိမ်းကျင့်
20-Jul-2019

ကျိုင်းတုံ၊ ဇူလိုင် ၂၀

တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်တွင် အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးကို တစ်ဖက်သတ်ကြိုက်နေသူအမျိုးသားက ဓားဖြင့်ခြိမ်းခြောက် မုဒိမ်းကျင့်ခဲ့သဖြင့် အမှုဖွင့်ထားကြောင်း ကျိုင်းတုံမြို့၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ထိုအမျိုးသမီး၏ ယောက်ျားနှင့် အမေဖြစ်သူတို့ အလုပ်သွားချိန် ဇူလိုင် ၁၈ ရက်၊ ညနေ ၄ နာရီခန့်က အိမ်ထဲဝင်ပြီး မုဒိမ်းကျင့်ခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုးသမီးက အော်ဟစ်ရာ ပါလာသည့် မြက်ခုတ်ဓားဖြင့် ခြိမ်းခြောက်ပြီး ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဓားပြခြိမ်းခြောက် မုဒိမ်းကျင့်မှုနှင့်ပတ်သက်၍ ကျူးလွန်သူဆိုသူ နေလင်းဦး (၂၀ နှစ်) ကို ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းမိရန်စုံစမ်းနေကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရှိရသည်။

R-16