POST TYPE
LATEST NEWS POST
ခန္တီးတွင် လူနှစ်ဦး ချောင်းထဲရေဆင်းချိုးရာမှ ရေနစ်သေဆုံး
20-Jul-2019
ကလေး၊ ဇူလိုင် ၂၀
စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်၊ ရွှေပြည်သာရွာရှိ ရေငန်းချောင်းအတွင်း ရေဆင်းချိုးသည့်လူနှစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ခန္တီးမြို့မရဲစခန်းနှင့် ယင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရှိရသည်။
အဆိုပါရွာ၊ ညောင်တပင်မှော်တွင် ရေမဆေးကျောက်ရှာသည့် ကိုအီနူး (၂၉ နှစ်) နှင့် ကိုဝါကူ (၁၉ နှစ်) တို့ ဇူလိုင် ၁၉ ရက်၊ ညနေပိုင်းက မှော်အနီးရေငန်ချောင်းအတွင်း ရေဆင်းချိုးရာမှ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးရုံးထံမှ သိရှိရသည်။
ရေနစ်သူနှစ်ဦးအနက် တစ်ဦး၏အလောင်းကို ရေနစ်ခဲ့သည့်နေရာ၌ပင် ဇူလိုင် ၂၀ ရက်၊ နံနက်ပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်တစ်ဦး၏ အလောင်းကို လူ ၁၀ ဦးက ရေငုတ်ရှာဖွေနေဆဲဖြစ်ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးမြင့်သိန်းက ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ခန္တီးမြို့မရဲစခန်းတွင် သေမှုသေခင်းဖွင့်၍ စစ်ဆေးလျှက်ရှိကြောင်း ယင်းရဲစခန်းထံမှသိရှိရသည်။ ဇူလိုင် ၁၇ ရက်ကလည်း ခန္တီးမြို့၊ လာဝယ်ရွာတွင် ချောင်းအတွင်းရေဆင်းချိုးသည့် ၆ နှစ်အရွယ် ကလေးတစ်ဦး ရေနစ်သေဆုံးခဲ့သေးသည်။
R-20
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
07-Dec-2019
-
07-Dec-2019
-
07-Dec-2019
-
07-Dec-2019
-
06-Dec-2019
-
06-Dec-2019
-
01-Dec-2019