News

POST TYPE

LATEST NEWS POST

ယောက္ခမက သမက်ကို ဝက်စာခွက်ဖြင့် ထုသတ်
20-Jul-2019
တောင်ငူ၊ ဇူလိုင် ၂၀

ဝေါမြို့နယ် ရှမ်းစုရွာနေအိမ်တစ်အိမ်တွင် ဇူလိုင်လ ၁၇ ရက်၊ ည ၁၀ နာရီခန့်က ယောက္ခမက သမက်ကို ဝက်စာခွက်(ကွန်ကိရစ်)ဖြင့် ထုသတ်ခဲ့ကြောင်း ဝေါမြို့မရဲစခန်းထံမှ သိရသည်။

ရှမ်းစုရွာနေ ဦးမင်းမင်းလတ် (၃၆ နှစ်)နှင့် တစ်အိမ်ထဲအတူနေ ယောက္ခမ ဦးမြင့်အေး (၅၅ နှစ်) တို့ စကားများရန်ဖြစ်ရာမှ လုံးထွေးသတ်ပုတ်ကြစဉ် လဲကျသွားသော သမက်ဖြစ်သူကို ယောက္ခမက ကွန်ကိရစ်နှင့် ပြုလုပ်ထားသည့် ဝက်စာခွက်ဖြင့် ထုသတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။

"သမီးနဲ့သမက် စကားများရန်ဖြစ်ကြတဲ့အခါ ဆဲဆိုအော်ဟစ်တော့ ယောက္ခမနဲ့သမက် ဆက်ဖြစ်ကြတာပါ။ လုံးထွေးနေတဲ့အချိန် ဝက်စာခွက်နဲ့ ထုသတ်ခံရလို့ သမက်ဖြစ်သူ သေဆုံးခဲ့တာဖြစ်ပါတယ်" ဟု ဝေါမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ လူသတ်မှုနှင့်ပတ်သက်၍ မြင့်အေးကို ဝေါမြို့မရဲစခန်းက အခင်းဖြစ်ပြီးနောက်တစ်နေ့တွင်ဖမ်းဆီးပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရအမှုဖွင့်၊ စစ်ဆေးနေကြောင်း အဆိုပါရဲစခန်းထံမှ သိရှိရသည်။

R-15