News

POST TYPE

LATEST NEWS POST

အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်စူး၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နေ့ဆွမ်းဆက်ကပ်လှူဒါန်း
19-Jul-2019

ရန်ကုန်၊ ဇူလိုင် ၁၉

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်က  ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်စူး၍ တောင်စွန်းဆရာတော် အရှင်ဝီရိယ (ဓမ္မဘေရီ) အမှူးပြုသော ဆရာတော် သံဃာတော် ၁၅ ပါးကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။

အဆိုပါနေ့ ဆွမ်းဆက်ကပ်လှူဒါန်းရာသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးနှင့်ဇနီး၊ နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးထင်ကျော်နှင့်ဇနီး၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးအပါ ပြည်ထောင်စု အဖွဲ့ဝင်များ ဆွေမျိုးမိတ်သင်္ဂဟများ တက်ရောက်ခဲ့ကြသည်။