News

POST TYPE

LATEST NEWS POST

အာဇာနည်နေ့သို့ နိုင်ငံတော် သမ္မတ ပထမဆုံးတက်ရောက်
19-Jul-2019

ရန်ကုန်၊ ဇူလိုင် ၁၉

ရန်ကုန်မြို့တော်၊ ဗဟန်းမြို့နယ် အာဇာနည်ဗိမာန်တွင် ပြုလုပ်သော (၇၂) နှစ်မြောက် အာဇာနည်နေ့သို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့် တက်ရောက်ခဲ့ရာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးတက်ရောက်ခဲ့သော နိုင်ငံတော်သမ္မတ ဖြစ်ခဲ့သည်။

နိုင်ငံတော် သမ္မတနှင့်အတူ ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေ၊ အမျိုးသာလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူလွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်နှင့် တပ်ချုပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်တို့ တက်ရောက်၍ လွမ်းသူပန်းခွေချ အလေးပြုကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုဝင်အဖြစ် တက်ရောက်ခဲ့သည်။

အာဇာနည်နေ့အခမ်းအနားကို တပ်မတော်အစိုးရ လက်ထက်တွင် ပြည်ထောင်စုအဆင့် ၀န်ကြီးများတက်ရောက်သည့်အဆင့်မှ ရန်ကုန်မြို့တော်ဝန်တက်ရောက်သည့် အဆင့်အထိ လျှော့ချခဲ့ပြီးနောက် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ဒုတိယသမ္မတတစ်ဦး ပြန်လည်တက်ရောက်ခဲ့သည်။