POST TYPE
LATEST NEWS POST
ရညှးစားထံ အခှားသူ၏ ငှစောရငှးမှ ကပှသှိနှး ၂၁၀၀ လှဲှပေးခဲ့သူ ဘဏစှာရေးမကို အမှုဖှင့ှ
16-Jul-2019
ရန်ကုန်၊ ဇူလိုင် ၁၆
မရမ်းကုန်းမြို့နယ်ရှိ ဧရာဝတီဘဏ်ခွဲတစ်ခုမှ အငယ်တန်းစာရေး အမျိုးသမီးက ၎င်း၏ ရည်းစားထံ အခြားငွေစာရင်းတစ်ခုထဲရှိ ကျပ်သိန်း ၂၁၀၀ ကို လွှဲပြောင်းခဲ့သဖြင့် ယုံကြည်အပ်နှံမှု ဖောက်ဖျက်ခဲ့သည်ဆိုကာ ဇူလိုင် ၁၅ ရက်နေ့တွင် အမှုဖွင့်အရေးယူခဲ့သည်။
မရမ်းကုန်းမြို့နယ်၊ (၁) ရပ်ကွက်ရှိ ဧရာဝတီဘဏ်ခွဲ (၄၅) မှ တာဝန်ခံဖြစ်သူ မအိသူမြင့်က ရဲစခန်း၌ တိုင်ကြားခဲ့ရာတွင် ဘဏ်လုပ်ငန်းဆောင်ရွက်နေစဉ် ၎င်းဘဏ်မှ အငယ်တန်းစာရေးဖြစ်သူ မနှင်းဦးဝေ (၂၆) နှစ်မှ စာရင်းပိုင်ရှင် ဒေါ်ကြင်မြင့် (၅၅) နှစ် ပိုင်ဆိုင်သည့် ငွေစာရင်းအမှတ်ကို သုံးစွဲပြီး ငွေကျပ်သိန်း ၂,၁၀၀ ကို ၎င်း၏ရည်းစားဖြစ်သူ ဖြိုးဝေစိုး (၂၅) နှစ်၏ ငွေစာရင်းသို့ လွှဲပြောင်းပေးခဲ့သည်။
အဆိုပါ လွှဲပြောင်းပေးခဲ့သည့် ငွေကို မနှင်းဦးဝေ၏ ရည်းစားဖြစ်သူ ဖြိုးဝေစိုးက ကျပ်သိန်း ၂,၁၀၀ ထဲမှ ကျပ်သိန်း ၁,၇၀၀ ကို လှိုင်သာယာမြို့နယ်ရှိ ဧရာဝတီဘဏ်ခွဲ (၂) မှ ထုတ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းတို့ ၂ ဦးကို မရမ်းကုန်းမြို့မရဲစခန်းမှ (ပ) ၁၂၄၀/၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၄၀၈/၁၁၄ အရ အမှုဖွင့်ကာဖမ်းဆီးစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
S-03
- SOURCES
- The Voice
-
15-Dec-2019
-
15-Dec-2019
-
15-Dec-2019
-
15-Dec-2019
-
15-Dec-2019
-
15-Dec-2019
-
01-Dec-2019