News

POST TYPE

LATEST NEWS POST

ရန်ကုန်တိုင်း၌ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၁၃ ဦးအထိရှိ
15-Jul-2019

ရန်ကုန်၊ ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး၌ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၁၃ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါက်တာအေးမွန်မွန်ကျော် (ခြင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ နှိမ်နှင်းရေးဌာန) က အတည်ပြုပြောကြားသည်။

“ဇွန်၊ ဇူလိုင်မှာ သွေးလွန်တုပ်ကွေးက တော်တော်လေး တက်လာတယ်။ ဒါက ကလေးဆိုရင်သာ သွေးလွန်တုပ်ကွေးလို့  မှန်းသေးတယ်။ လူကြီးတွေက ကိုယ့်ကိုယ်ကိုယ် သွေးလွန်တုပ်ကွေး ဖြစ်လား၊ မဖြစ်လားဆိုတာ မသိတဲ့အခါ အသိနောက်ကျတယ်။ လူကြီးက တခြားရောဂါအခံလည်း ရှိနေတော့ ပိုဆိုးတာပေါ့”ဟု ၎င်းက ရှင်းပြသည်။

ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၇ ခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူဦးရေ ၇,၄၉၀ ဦးနှင့် သေဆုံးသူ ၆၀ ဦး၊ ၂၀၁၈ ခုနှစ်တွင် ရောဂါဖြစ်ပွားသူ ၃၆၄၆ ဦး နှင့် သေဆုံးသူ ၂၅ ဦး ရှိပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၁၄ ရက်နေ့အထိ ရောဂါဖြစ်ပွားသူ ၁,၂၆၀ ဦးနှင့် သေဆုံးသူ ၁၃ ဦးရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

J-12