News

POST TYPE

LATEST NEWS POST

အလယ်တန်းကျောင်းသား (၃၆) ဦး စာသင်ခွင့်တားမြစ်ခံရ၍ လူ ၁၅၀ ကျော် မုံရွာတွင် ဆန္ဒပြ
15-Jul-2019



မုံရွာ၊ ဇူလိုင် ၁၅

စစ်ကိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် ဆင်ရောက်ကုန်းကျေးရွာရှိ အလယ်တန်းကျောင်းသား (၃၆) ဦး ကို ပညာဒါနစာသင်ကြားမှုကို တိုင်းပညာရေးမှုးရုံးက တားမြစ်မှုသဖြင့် ရပ်နားသွားရသောကြောင့် ကျောင်းသားမိဘနှင့် ကျောင်းသားအပါအဝင် လူ ၁၅၀ ကျော်က မုံရွာမြို့တွင် ယနေ့နံနက်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။



ဆင်ရောက်ကုန်းကျေးရွာ အခြေခံပညာမူလတန်းတွင် အလယ်တန်းပညာရေးကို သင်ကြားနေသည့် ၃၆ ယောက်ကို ပညာဒါန ဆရာများ ခေါ်ယူသင်ကြားနေမှုမှာ တစ်လကျော်ရှိနေပြီ ဖြစ်သော်လည်း တိုင်းပညာရေးရုံးက ယင်စာသင်ကြားမှုအား ဇူလှိုင် ၅ ရက်နေ့က စာထုတ်တားမြစ်သဖြင့် ရပ်နားလိုက်ရခြင်းကြောင့် ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်သည်။