News

POST TYPE

LATEST NEWS POST

မဲခေါင်-ကိုရီးယား ဇီဝမျိုးစုံမျိုးကွဲစင်တာ နေပြည်တော်၌ တည်ဆောက်ရန်စီစဉ်
27-Jun-2019


ရန်ကုန်၊ ဇွန် ၂၇

ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် သုတေသနလုပ်ငန်းများလုပ်ဆောင်နိုင်ရန်အတွက် မဲခေါင်-ကိုရီးယား ဇီဝမျိုးစုံမျိုးကွဲ စင်တာကို နေပြည်တော်၌ တည်ဆောက်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က ပြောကြားသည်။

“စင်တာက မြန်မာနိုင်ငံတစ်နိုင်ငံတည်းအတွက် မဟုတ်ဘဲ မဲခေါင်ဒေသနိုင်ငံတွေရဲ့ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး လုပ်ငန်းတွေဆောင်ရွက်မှာပါ။ သုတေသနနဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အကောင်အထည်ဖော်မှာပါ”ဟု ၎င်းက ပြောဆိုသည်။

ယင်းစင်တာတည်ထောင်နိုင်ရေးအတွက် KOICA နှင့် သစ်တောဦးစီးဌာနတို့ ဇွန်လ ၂၆ ရက်နေ့က ဆွေးနွေးခဲ့ကြပြီး စီမံကိန်းအဆိုပြုလွှာကို မြန်မာဘက်မှပေးပို့ရန် လုပ်ဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် တောဆင်ရိုင်းအပါအဝင် ကျား၊ မြွေ၊ သင်းခွေချပ်နှင့် လိပ်အစရှိသည့် တောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီးသတ်ဖြတ်ကာ နယ်စပ်ဒေသများမှတစ်ဆင့် တရားမဝင်ဈေးကွက်များအတွင်းသို့ ကုန်သွယ်နေခြင်းသည် ယင်းမျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်ရန် ခြိမ်းခြောက်လာခြင်းဖြစ်သဖြင့် အချိန်မီထိန်းသိမ်းသင့်ကြောင်း သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေး ပညာရှင်များက သုံးသပ်ပြောကြားသည်။

E-03




  • VIA