News

POST TYPE

LATEST NEWS POST

မြစ်ကြီးနား-ကန်ပိုက်တီလမ်း ကုန်တင်းကားများယာယီပိတ်
26-Jun-2019



ရန်ကုန်၊ ဇွန် ၂၆

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းတစ်ခုဖြစ်သော မြစ်ကြီးနား-ကန်ပိုက်တီလမ်းတွင် ရေကြီးကာ တောင်ပြိုမှုများ ဖြစ်ပေါ်သဖြင့် ကုန်တင်ကားကြီးများသွားလာမှု ယာယီပိတ်ပင်လိုက်ပြီ ဖြစ်ကြောင်း မြစ်ကြီးနားမြို့ ယာဉ်မောင်းများထံမှ သိရသည်။

လတ်တလောတွင် ကုန်တင်ကားကြီးများကို ပိတ်ပင်ထားသော်လည်း ယာဉ်ငယ်များကို ခွင့်ပြုထားပြီး ဆဒုံးမြို့အနီးတွင် ဇွန်လ ၂၅ ရက်နေ့က စတင်ကာ ရေကြီးနေသဖြင့် သွားလာရခက်ခဲကြောင်း ဝိုင်းမော်မြို့ရှိ ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။



“ဆဒုံးမှာရေကြီးနေတာ ပေါင်လောက်ရှိတယ်။”ဟု ၄င်းက ဆိုသည်။

မြစ်ကြီးနား-ကန်ပိုက်တီ လမ်းပိုင်း ပြင်ဆင်မှုများပြုလုပ်နေပြီး တံတားညီနောင်အနီးတွင် ချိုင့်ကြီးများ ဖြစ်ပေါ်နေခြင်းအပြင် ဝေမွန်နှင့်ကန်ပိုက်တီကြားတွင်လည်း တောင်ပြိုမှုဖြစ်ပေါ်နေသည့်အတွက် ကားကြီးများကို ပိတ်ပင်ထားခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံယာဉ်မောင်းများက တူညီစွာ ပြောဆိုကြသည်။