News

POST TYPE

LATEST NEWS POST

ရွှေဘိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူကို ဝန်ကြီးအဖြစ် ခန့်အပ်
26-Jun-2019

ဓာတ်ပုံ - U Moe Kyaw Thu

ကလေး၊ ဇွန် ၂၆

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနအသစ်၏ ဝန်ကြီးအဖြစ် ရွှေဘိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူကို ခန့်အပ်ကြောင်း ဇွန်လ ၂၆ ရက်နေ့က ကျင်းပသည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက ပြောကြားသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးမိုးကျော်သူကို ခန့်အပ်ရန်အတွက် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ဇွန်လ ၂၅ ရက်နေ့က ကျင်းပသည့် တိုင်းလွှတ်တော် အစည်းအဝေးတွင် အမည်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါတင်သွင်းမှုနှင့် ပတ်သက်၍ ကန့်ကွက်သည့် လွှတ်တော်ကိုယ်စားလှယ် ၃ ဦးရှိခဲ့ပြီး ကန့်ကွက်မှုကို မှတ်တမ်းအဖြစ်သာထားရှိကာ ဦးမိုးကျော်သူကို ဝန်ကြီးအဖြစ် ခန့်အပ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ရွှေဘိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) မှ အနိုင်ရရှိခဲ့သူဖြစ်သည့်အတွက် ဦးမိုးကျော်သူပါ ဝန်ကြီးဖြစ်လာသည့်အတွက် ရွှေဘိုမြို့နယ်မှ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဝန်ကြီးနှစ်ဦးရှိလာပြီဖြစ်သည်။

R-20


  • VIA