News

POST TYPE

LATEST NEWS POST

မော်လမြိုင်တွင် ဆင်းရဲနွမ်းပါးသူများအတွက် ရွေ့လျားအထည်လှူဒါန်းမှု စတင်
25-Jun-2019
မော်လမြိုင်၊ ဇွန် ၂၅

မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဦးဆောင်၍ ဆင်းရဲနွမ်းပါး၍ ချို့တဲ့သည့် ရပ်ကွက်များတွင် ယခုလ ၂၂ ရက်နေ့မှစ၍ တစ်ပတ်လျှင် ၂ ရက် အိမ်တိုင်ရာရောက် အဝတ်အထည်များကို လိုက်လံ၍ ပေးလှူလျက်ရှိကြောင်း မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

“မနှစ်က မော်လမြိုင်ရေးဘေးဖြစ်ပြီးနောက်ပိုင်း အဝတ်အထည်တွေကို လှူထားတာတွေရှိတယ်။ အဲဒါဒီအဝတ်အထည်တွေကို ဝေပြီ ကျန်နေတဲ့ အထည်တွေကို ကျွန်တော်တို့ မရှိဆင်းရဲသား ရပ်ကွက်က လူတွေအတွက် မိုးတွင်နဲ့ ဆောင်းတွင်းမှာ နွေးနွေးထွေးထွေးဖြစ်ပါစေ ဆိုတဲ့စေတနာ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ အိမ်တိုင်ရာရောက် လိုက်ဝေပေးတာပါ”ဟု မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်ဦးက ပြောဆိုသည်။

မော်လမြိုင်ရေကြီးစဉ်တွင် မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ အစားအသောက်ရိက္ခာနှင့် သောက်ရေတို့ကိုသာ ပေးလှူနိုင်ခဲ့ကြောင်း၊ ယင်းနောက်ပိုင်း ရေကြီးသည့် နေရာတွင်လည်း လိုက်လံပေးလှူခဲ့သော်လည်း ကျန်ရှိနေသည့် အထည်များမှာလည်း ဂိုဒေါင်တစ်ခုစာရှိနေသေးကာ လက်ရှိအထည်များနှင့် လာရောက်လှူဒါန်းထားသည့် အထည်များ ပေါင်းပါက တစ်နှစ်စာအတွက် လိုက်လံပေးဝေ၍ ရသေးကြောင်း မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

R-21




  • VIA