News

POST TYPE

LATEST NEWS POST

မုံရွာ-ယာကြီး ကားလမ်း ရေကျော်
24-Jun-2019

ကလေး ဇွန် ၂၄

စစ်ကိုင်းတိုင်း မုံရွာမြို့နှင့် ယာကြီးကျေးရွာအကြား ဆက်သွယ်သွားလာသည့် ကားလမ်းပေါ်ရှိ မုံရွာမြို့မှ ၁၁ မိုင် ၂ ဖာလုံအကွာရှိ တရော်ကျင်း ချောင်းရေကျော်လာသဖြင့် ကားနှင့်ဆိုင်ကယ်များ ပိတ်မိနေကြောင်း သရော်ကျင်းချောင်းအနီး ရောက်ရှိနေသည့် ကနီမြို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောသည်။

တရော်ကျင်းချောင်းရေသည် ယနေ့ (ဇွန်လ ၂၄ ရက်) ညနေ ၄ နာရီအချိန်ခန့်မှ စတင်ကျဆင်းနေခြင်းဖြစ်ပြီး ညနေ ၆ နာရီခွဲအချိန်တွင် ကားငယ်များ ကူး၍မရသေးဘဲ ဆိုင်ကယ်များကို လူများဖြင့်ထမ်းကာ ဆိုင်ကယ်တစ်စီးလျှင် ငွေကျပ်တစ်ထောင်ပေး၍ ဖြတ်ကူးနေကြကြောင်း ချောင်းရေပြင်ကျယ်မှာ ပေ ၂၀၀ ခန့်ကျယ်ကြောင်း သိရသည်။

“ကားအကြီးကြီးတွေတော့ ကူးနေတယ်။ အသေးလေးတွေတော့ မကူရဲကြဘူး။ ဆိုင်ကယ်တွေတော့ ဆိုင်ကယ်တွေတော့ လူနဲ့ထမ်းကူးနေကြတယ်။ ကျွန်တော်တို့တော့ အန္တရာယ်များလို့ မကူးဘူး"ဟု ရေကျော်သည့်နေရာသို့ ရောက်ရှိနေသည့် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောသည်။

တရော်ကျင်းချောင်းရေကျော်သည့်နေရာသည် ကနီမြို့နှင့် ယင်းမာပင်မြို့နယ်အကြား စီးဆင်းသည့် ချောင်းတစ်ခုဖြစ်ကာ တံတားမရှိသဖြင့် မိုးရာသီကာလရောက်တိုင်း ယခုကဲ့သို့ဖြစ်စဉ်မျိုး နှစ်တိုင်း ကြုံတွေ့ရသည့်အတွက် တံတား တည်ဆောက်ပေးစေချင်ကြောင်း ဒေသခံပြည်သူများက ပြောသည်။

R-20