News

POST TYPE

LATEST NEWS POST

ဝန်ကြီးဌာနအသစ် ဖွဲ့စည်းရန် ရန်ကုန်တိုင်းလွှတ်တော် အတည်ပြု
24-Jun-2019

ရန်ကုန်၊ ဇွန် ၂၄

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ဝန်ကြီးဌာနအသစ်တစ်ခု တိုးချဲ့ဖွဲ့စည်းရေးအတွက် လွှတ်တော်သို့ နိုင်ငံတော်သမ္မတထံမှ သ၀ဏ်လွှာပေးပို့လာသည့်အတွက် လွှတ်တော်၏ အတည်ပြုချက်ရယူရာတွင် ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့သည်။

ဇွန်လ ၂၄ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အဆိုပါ ဝန်ကြီးဌာနအသစ်တိုးချဲ့ဖွဲ့စည်းခြင်းနှင့် ပတ်သတ်၍ လွှတ်တော်၏ သဘောတူညီချက် ရယူခဲ့ခြင်းဖြစ်သည်။

“အခုပေးပို့လိုက်တဲ့ ဝန်ကြီးဌာနအသစ်တိုးချဲ့ဖွဲ့စည်းတာကို ကန့်ကွက်သူမရှိတဲ့ လွှတ်တော်က အတည်ပြုပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က ပြောကြားသည်။

အဆိုပါ အသစ်ဖွဲ့စည်းလိုက်သည့် ဝန်ကြီးဌာနသည် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာနဟု အမည်ပေးထားပြီး ရန်ကုန်တိုင်းအစိုးရ လက်အောက်တွင် ထားရှိသွားမည်ဖြစ်သည်။

ယင်းသို့ ဝန်ကြီးဌာနအသစ်ဖွဲ့စည်းရေးအတွက် နိုင်ငံတော် သမ္မတက တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးကို ပေးပို့ခဲ့ခြင်းဖြစ်ကာ အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အတည်ပြုခဲ့ပြီးဖြစ်သည်။

အဆိုပါ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနအတွက် ဝန်ကြီးအသစ်တစ်ဦး ထပ်ခန့် မခန့်နှင့် တာဝန်နှင့် ရည်ရွယ်ချက်များနှင့် ပတ်သတ်၍ ရှင်းလင်းပြောဆိုထားခြင်းမရှိသေးပေ။

J-08