POST TYPE

LATEST NEWS POST

အမြန်​လမ်းတွင်​ အဝေးပြေးယာဉ်အချို့ လောက်​​လေးဂွအပစ်ခံရ
24-Jun-2019



တောင်​ငူ၊ ဇွန်​ ၂၄

ရန်​ကုန်​-မန္တ​လေး အမြန်​လမ်း မိုင်​တိုင်​ ၆၅ နှင့်​ ၇၀အကြားတွင်​ ဇွန် ၂၃ ရက်နေ့က ထွက်ခွာလာသော JJ Express အဝေးပြေးယာဉ် အပါအဝင် အဝေးပြေးယာဉ်အချို့ လောက်လေးဂွများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း JJ Express ယာဉ်​လိုင်း ဥက္ကဋ္ဌဦးမြင့်​ဦးက ပြောကြားသည်။

“အမြန်​လမ်းစဖွင့်​တုန်းကလည်း အခုလိုဖြစ်​ရပ်​မျိုးကြုံခဲ့ရဖူးတယ်။ အခုဟာက ​တော်​​တော်ဆိုးတယ်​။ ကျွန်​​တော်​တို့ ယာဉ်​လိုင်း​ကော အခြားယာဉ်​လိုင်းအချို့ပါ ခံလိုက်​ရတာ”ဟု ၄င်းက ဆိုသည်။

ရန်​ကုန်​မြို့မှ​ ညောင်းဦးမြို့ (ပုဂံ) မြို့သို့ ယာဉ်​​မောင်း ဦးမင်းသူ​အောင်​အပါအဝင်​ ယာဉ်​မယ်​၊ ယာဉ်​​နောက်​လိုက်​​လေးဦးနှင့် ခရီးသည်​ ၁၇ ဦး တင်​​ဆောင်​​မောင်းနင်​လာသည့်​ JJ Express ခရီးသည်​တင်​ယာဉ်​ကို ရန်​ကုန်​-မန္တလေး အမြန်​လမ်းမိုင်​တိုင်​ ၆၉ အနီးတွင်​ ကုန်းသီးတပ်​ ​လောက်​​လေးဂွနှင့်​ ပစ်​ခတ်​ခံခဲ့ရ​ခြင်းဖြစ်​ကား ​ဘေးမှန်​တစ်​ချက်​အက်​ကွဲခဲ့​ကြောင်း ယင်းယာဉ်​​လိုင်း​မော်​​တော်ယာဉ်​မှူး ဦး​အောင်​​ဆွေဦးက ​ပြောသည်​။

R-15