News

POST TYPE

LATEST NEWS POST

မိလ္လာကန် သန့်ရှင်းရေးလုပ်နေသည့် အမျိုးသားနှစ်ဦး အောက်ဆီဂျင်ပြတ်၍ သေဆုံး
20-Jun-2019

ရန်ကုန်၊ ဇွန် ၁၉

ရှမ်းပြည် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အေးသာယာ အမှတ် (၇) ရပ်ကွက်တွင် ဇွန် ၁၈ ရက် ညနေပိုင်းက မိလ္လာကန် သန့်ရှင်းရေးပြုလုပ်နေသည့် အမျိုးသားနှစ်ဦး အောက်ဆီဂျင်ပြတ်၍ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ နှစ်ဦးမှာ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်နေ သီဟဇော် (၂၈) နှစ်နှင့် ကျောင်းကြီးစုရပ်ကွက်နေ ထီလာကြွယ် (၃၇) နှစ်တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ အေးသာယာ အမှတ် (၇) ရပ်ကွက်ရှိ နေအိမ်တစ်အိမ်၌ မိလ္လာကန်အား သန့်ရှင်းရေး ပြုလုပ်နေစဉ် အောက်ဆီဂျင်ပြတ်၍ သေဆုံးခဲ့သည်။

သေဆုံးသူ နှစ်ဦး၏ ရုပ်အလောင်းကို ဆေးရုံသို့ပို့အပ်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် သိရှိရန် အေးသာယာနယ်မြေ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၈/၂၀၁၉ ဖြင့် ရေးဖွင့် စစ်ဆေးဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။  

S-03