News

POST TYPE

LATEST NEWS POST

မတ်ပဲနှင့် ပဲစင်းငုံဈေး ဆက်တက်
19-Jun-2019
ရန်ကုန်၊ ဇွန် ၁၉

အိန္ဒိယနိုင်ငံသို့ စတင်၍တင်ပို့နေပြီ ဖြစ်သော မတ်ပဲနှင့် ပဲစင်းငုံတို့သည် ပြီးခဲ့သည့်ရက်ပိုင်းကထက် ဈေးနှုန်းများမြင့်တက်ကြောင်း ဘုရင့်နောင်ပဲဈေးကွက်အတွင်းမှ သိရသည်။

ယင်းပဲဈေးကွက်အတွင်း မတ်ပဲဈေးသည် တစ်တန်လျှင် ကျပ်တစ်သောင်းမှ တစ်သောင်းခွဲခန့်မြင့်တက်ပြီး ပဲစင်းငုံဈေးမှာ တစ်တန်လျှင် ၁၈,ဝ၀၀ ခန့်သို့ ကျဆင်းကာ အရောင်းအဝယ်ပုံမှန် ဖြစ်ပေါ်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

“ဈေးကတော့ ဘာဖြစ်မလဲ ပြောရခက်တယ်။ နောက်အပတ်လောက်မှပဲ ပြောလို့ရမယ်”ဟု ပဲကုန်သည် ဦးမင်းကိုဦးက ပြောဆိုသည်။

လတ်တလော အိန္ဒိယသို့ စပို့နေပြီ ဖြစ်သကဲ့သို့ အခြားပဲဝယ်လက်နိုင်ငံများဖြစ်သော နီပေါ၊ ပါကစ္စတန်ကဲ့သို့ နိုင်ငံတို့ကလည်း ဝယ်ယူနေကြောင်း ပဲကုန်သည်များထံမှ သိရသည်။

လက်ရှိပဲဈေးကွက်အတွင်း မတ်ပဲ (FAQ) တစ်တန်လျှင် ကျပ် ၈၇၀,ဝ၀၀၊ မတ်ပဲ (SQ) တစ်တန်လျှင် ကျပ် ၁,ဝ၄၀,ဝ၀၀ နှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် ၉၅၇,၅၀၀ ဈေးရှိကြောင်း ဘုရင့်နောင်ပဲဈေးကွက်အတွင်းမှ သိရသည်။

S-04


  • VIA