News

POST TYPE

LATEST NEWS POST

AA တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် ပလက်၀ တံတားသံဘောင်နှင့် ဆက်စပ်ပစ္စည်းများ လျော်ကြေးရ
18-Jun-2019
 
နေပြည်တော်၊ ဇွန် ၁၈

ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (AA) ၏ တိုက်ခိုက်ဖျက်ဆီးခံလိုက်ရသည့် တံတားသံဘောင်နှင့် ဆက်စပ်ပစ္စည်းများအတွက် အာမခံကုမ္ပဏီဖြစ်သည့် iKBZ က အာမခံလျော်ကြေးအဖြစ် ကျပ် ၄၉၁ သန်းကို အစိုးရထံ ယနေ့(ဇွန်လ ၁၈ ရက်) ပေးလျော်လိုက်သည်။

ယင်းသို့ လျော်ကြေးပေးအပ်ခြင်း အခမ်းအနားကို ယနေ့ ( ဇွန် ၁၈ ရက်) နေပြည်တော်ရှိ ဆောင်လုပ်ရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ကုလားတန်တံတား (ပလက်ဝတံတား) စီမံကိန်းအတွက် ရတနာဝင်း  (၇) ရေယာဉ်ကို မတ်လ ၁၆ ရက်က AA လက်နက်ကိုင်အဖွဲ့မှပစ်ခတ်ခဲ့ပြီး ရေယာဉ်ကို မီးရှို့ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ရေယာဉ်ပေါ် ပါလာသည့်ပစ္စည်းများသည် အလုံးစုံ ဆုံးရှုံးမှုအကာအကွယ်နှင့် အပိုအကာကွယ်ဖြစ်သည့် စစ်နှင့် စစ်အသွင်အကာအကွယ်တို့အတွက် အာမခံငွေ ကျပ် ၁၀၇၂ ဒသမ ၅ သန်းကို အာမခံထားရှိခဲ့ခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လင်းကဆိုသည်။

တံတားသံဘောင်နှင့် ဆက်စပ်ပစ္စည်းများအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ခံအင်ဂျင်နီယာများနှင့် အာမခံကုမ္ပဏီ အပါအဝင် ကျွမ်းကျင်ပညာရှင်များအနေဖြင့် အာမခံထားသည့် တန်ဖိုးအရ ဆုံးရှုံးပစ္စည်းများ တွက်ချက်ခြင်း၊ ထုတ်ကုန်တန်ဖိုး ဆယ်ယူတန်ဖိုးများကိုတွက်ချက်ခဲ့ပြီးနောက် ကျပ် ၄၉၁ သန်း ကုန်ကျမည်ဖြစ်ခြင်းကြောင့် အာမခံကုမ္ပဏီက အထက်ပါအတိုင်း ပေးလျော်ခြင်းဖြစ်သည်။

S-01