News

POST TYPE

LATEST NEWS POST

နိုင်ငံရေးအကျဉ်းသားများကို ၃၇ ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်
13-Jun-2019
ရန်ကုန်၊ ဇွန် ၁၂

မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း ဖမ်းဆီးအထိန်းသိမ်းခံနေရဆဲ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် စာနယ်ဇင်းသမားများအား ဇွန် ၁၂ ရက်တွင် ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမ၌ ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းက ၃၇ ကြိမ်မြောက် ထောက်ပံ့ငွေ ပေးအပ်ပွဲကို ပြုလုပ်ခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများထံမှ သိရှိရသည်။

ဦးဝင်းတင်မှာ ဆုံးပါးသွားခဲ့ပြီဖြစ်သော်လည်း ၎င်းကိုယ်တိုင် ဦးစီးတည်ထောင်ခဲ့သည့် ဖောင်ဒေးရှင်းကြီးကို အဓွန့်ရှည်အောင် ဆောင်ရွက်ခြင်းဖြင့် လေးစားဂုဏ်ပြုရာရောက်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

“အစဉ်တစိုက်ထောက်ပံ့နိုင်ဖို့ ကြိုးစားနေတယ်။ လှူဒါန်းမှုလေးတွေလည်း ပြုလုပ်ပေးစေချင်တယ်”ဟု အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူ UNDP (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ) မှ ဗဟိုကော်မတီဝင် ကိုထွန်းခိုင်က ပြောသည်။

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းအနေနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအား ၂၀၁၂ ခုနှစ်တွင် ထောက်ပံ့ငွေ စတင်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၃၇ ကြိမ်မြောက်အထိ ရှိလာပြီဖြစ်ကာ စုစုပေါင်း ၈၇၃ ဦးတို့အတွက် ထောက်ပံ့ငွေကျပ် ၂၀၈၇ သိန်း ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။  

အေးချမ်းသူ


  • VIA