News

POST TYPE

LATEST NEWS POST

လက်ကိုင်ဖုန်းခိုးသည်ဟုစွပ်စွဲကာ အမျိုးသားတစ်ဦးကို ဝိုင်းထိုးခဲ့သူနှစ်ဦးကို လူသတ်မှုဖြင့်အရေးယူ
25-May-2019
ရန်ကုန်၊ မေ ၂၅

မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ်တွင် အမျိုးသားတစ်ဦးကို လက်ကိုင်ဖုန်းခိုးယူသည်ဟု စွပ်စွဲပြောဆိုကာ ထိုးကြိတ်ခဲ့သည့် အမျိုးသားနှစ်ဦးကို လူသတ်မှုပုဒ်မဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ထိုးကြိတ်ခံရသည့်ဒဏ်ရာများဖြင့် သေဆုံးခဲ့သူအမျိုးသားမှာ ရွှေပေါက္ကံမြို့သစ် ၁၆ ရပ်ကွက်၊ ဦးပုညလမ်းရှိ အဆောင်တစ်ခုတွင်နေထိုင်သူဖြစ်ပြီး မေ ၂၂ ရက် ည ၁၀ နာရီခန့်က ဇင်မင်းနှင့်ရဲမင်းထက်ဆိုသူတို့ အဆောင်သို့ရောက်ရှိလာပြီး ၎င်းတို့၏လက်ကိုင်ဖုန်းကို သေဆုံးသူကခိုးယူသွားကြောင်း စွပ်စွဲပြောဆိုကာ အပြင်သို့ခေါ်ဆောင်သွားခဲ့သည်။

ယင်းနောက် ည ၁၁ နာရီခန့်တွင် သေဆုံးသူအမျိုးသားမှာ အလောင်းဘုရားလမ်းတွင်ဒဏ်ရာများဖြင့် လဲကျနေသောကြောင့် အမျိုးသမီးတစ်ဦးကတွဲ၍ အဆောင်သို့လိုက်ပို့ခဲ့ပြီး အဆောင်ပိုင်ရှင်မှ သေဆုံးသူအား မြောက်ဥက္ကလာပဆေးရုံသို့တင်ပို့ခဲ့သည်။

မြောက်ဥက္ကလာပဆေးရုံရှိ ဦးနှောက်နှင့် အာရုံကြောအဆောင်တွင် ဆေးကုသမှုခံယူနေသည့် အမျိုးသားမှာ မေ ၂၃ ရက်တွင် သေဆုံးခဲ့သောကြောင့် ယင်းအမျိုးသားကို ဝိုင်းထိုးကြိတ်ခဲ့သည့် အသက် ၂၀ နှစ်အရွယ်ရှိ ဇင်မင်းနှင့် အသက် ၂၂ နှစ်အရွယ်ရှိ ရဲမင်းထက်တို့ကိုဖမ်းဆီးပြီး ရွှေပေါက္ကံနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03