News

POST TYPE

LATEST NEWS POST

ချောက်တွင် နေအိမ်တစ်လုံး မီးလောင် တပ်မတော်စစ်သည်များ ဝိုင်းကူငြိမ်းသတ်
25-May-2019

ချောက်၊ မေ ၂၅

ချောက်မြို့ အမှတ် (၁၀) အေးစေတီရပ်ကွက်တွင် မေလ ၂၅ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က နေအိမ်တစ်လုံး မီးလောင်ကျွမ်းနေ၍ နယ်မြေခံ တပ်မတော်မှ အရာရှိစစ်သည်အင်အား (၃၀) ကျော်က လာရောက်ပြီး မီးငြိမ်းသတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းတပ်မတော်သားများသည် နယ်မြေခံ ခလရ ၁၃ မှဖြစ်ပြီး ရွှေတိဂုံပုံတူ ရတနာမာန်အောင်ဘုရားပတ်ဝန်းကျင်တွင် သစ်ပင်စိုက်ပျိုးရန ်မြေကျင်းတူးနေရာမှ မီးလောင်ကျွမ်းနေသည်ကိုမြင်သောကြောင့် လာရောက်ငြှိမ်းသတ်ခဲ့ခြင်းဖြစ်သည်။

ယင်းမီးလောင်ကျွမ်းရာ နေအိမ်သို့ မီးသတ်ယာဉ်တစ်စီးနှင့် မီးသတ်တပ်ဖွဲ့အင်အား ၂၀ တို့ဖြင့် မီးငြိမ်းသတ်ခဲ့ရပြီး မီးလောင်ကျွမ်းသွားသော အိမ်ရှင် ဒေါ်သန်းဌေး (၄၈ နှစ်)အား ချောက်မြို့မရဲစခန်း (ပ) ၅၉၈/ ၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း ယင်းရဲစခန်းမှ သိရသည်။

R-24