News

POST TYPE

LATEST NEWS POST

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းထားသော ဆေးခြောက်စိုက်ခင်းမှာ မူးယစ်ဓါတ်မပါသော ဆေးဘက်ဝင်လျှော်ပင်သာ ဖြစ်ကြောင်း ကုမ္ပဏီထုတ်ပြန်
24-May-2019

ရန်ကုန်၊ မေ ၂၄ 

မန္တလေးတိုင်းဒေသကြီး မြို့သာစက်မှုဇုန်ဧရိယာတွင် ဆေးခြောက်စိုက်ခင်း စိုက်ပျိုးထားသည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုခံထားရခြင်းမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဌာနဆိုင်ရာ ချိတ်ဆက်နားလည်မှု လွဲမှားခြင်းသာဖြစ်ပြီး ယင်းစိုက်ခင်းမှာလည်း မူးယစ်ဓါတ်မပါသော သဘာဝဆေးဘက်ဝင် စက်မှုလက်မှုသုံးလျှော်ပင်သာဖြစ်ကြောင်း ယင်းစိုက်ခင်းကုမ္ပဏီ III M Global Nutraceutical Company က သတင်းထုတ်ပြန်လိုက်သည်။

ယင်းစိုက်ခင်းမှာ မန္တလေးတိုင်းဒေသကြီး အစိုးရ၏ ခွင့်ပြုချက်ဖြင့် စမ်းသပ်စိုက်ပျိုးခြင်းသာဖြစ်ပြီး စိတ်ကို ပြောင်းလဲစေနိုင်သော Tetrahydrocannabinol (THC) ဒြပ်ပေါင်းမပါသော Cannabinol အဆီထုတ်လုပ်ရန် ရည်ရွယ်စမ်းသပ်ခြင်းဖြစ်သည့်အပြင် ယင်းအပင်များသည် စိတ်ကိုပြောင်းလဲစေနိုင်သော မူးယစ်ဆေးအဖြစ် ထုတ်လုပ်၍ မရနိုင်သည့် ဂုန်လျှော်ပင်သာ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ထိုစိုက်ခင်းကို အစိုးရက မူးယစ်ဆေးဝါနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါများဆိုင်ရာ ဥပဒေပုဒ်မများဖြင့် အမေရိကန်နိုင်ငံသား တစ်ဦး၊ မြန်မာအလုပ်သမား နှစ်ဦးကို ဖမ်းဆီးအရေးယူထားသည်။