News

POST TYPE

LATEST NEWS POST

ညောင်လေးပင်မြို့နယ်တွင် လေပြင်းကြောင့် နေအိမ်နှင့် ဓာတ်တိုင်များပျက်စီး
20-May-2019

တောင်ငူ၊ မေ ၂၀

ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့နယ်၊ ငါးကြီးအိုင်ရွာတွင် မေလ ၁၉ ရက် ညနေပိုင်းက မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်၍ လူနေအိမ်ခြေအချို့ ပျက်စီးခဲ့ပြီး ဓာတ်တိုင်များ ကျိုးကျခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ပျက်စီးသည့်အိမ်ခြေ ၁၉ လုံးခန့်ရှိပြီး အမိုးလန်နေအိမ် ၁၀ လုံးခန့်ရှိကြောင်း၊ ဓာတ်တိုင် ၁၁ တိုင် ကျိုးကျသော်လည်း အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ ရောက်မလာသေးကြောင်း အဆိုပါကျေးရွာနေ ဦးမျိုးမြင့်လေးက မေလ ၂၀ ရက်တွင် ပြောကြားသည်။

ကျိုးကျခဲ့သည် ဓာတ်တိုင်များသည် ကိုယ်ထူကိုယ်ထစနစ်ဖြင့် စိုက်ထူတပ်ဆင်ထားခြင်းဖြစ်ပြီး လတ်တလောတွင် လျှပ်စစ်မီးလည်း ပြတ်တောက်နေကြောင်း ဒေသခံများက ပြောဆိုသည်။

မေလဆန်းပိုင်းက အဆိုပါရွာတွင် သောက်သုံးရေ ရှားပါး၊ ပြတ်လပ်မှုကြောင့် အရပ်ဘက်အဖွဲ့အချို့ လှူဒါန်းသည့် သောက်သုံးရေကို ရယူသုံးစွဲနေရချိန် ယခုလေပြင်းကြောင့် ရေသုံးစွဲမှုအတွက် ပိုခက်ခဲကြောင်း ယင်းကျေးရွာသားအချို့ကဆိုသည်။ 

R-15