News

POST TYPE

LATEST NEWS POST

Huawei နှင့် Google အဆက်ဖြတ်ပြီ၊ နောက်ထွက် Huawei အသုံးပြုသူများ Google maps ၊ YouTube၊ Play Store စသည့် နာမည်ကျော် apps များ မရနိုင်
20-May-2019




လော့အိန်ဂျလိစ်၊ မေ ၂၀

Google က အမေရိကန်အစိုးရ၏ Huawei နှင့် အလုပ်မလုပ်ရန် ညွှန်ကြားချက်ကို လိုက်နာမည်ဖြစ်ရာ အဆိုပါ ကုမ္ပဏီကြီးက ပေးအပ်သည့် security updates လုံခြုံရေးဆိုင်ရာ အဆင့်မြှင့်မှုများ မရတော့ဘဲ Huawei စမတ်ဖုန်းများတွင် YouTube ၊ Gmail ၊ Google Maps စသည့် လူကြိုက်များ apps များ အသုံးပြုနိုင်တော့မည် မဟုတ်ကြောင်း Reuters သတင်းတစ်ရပ်က အတည်ပြုပေးထားသည်။ 

လက်ရှိသုံးနေသူများကို ထိခိုက်မည်တော့မဟုတ်ဟု နည်းပညာသတင်းစာမျက်နှာများက ရှင်းပြထားသည်။ လက်ရှိ Huawei users များသည် apps များကို update လုပ်ခြင်းအား ဆက်လက် ရယူနိုင်မည်ဖြစ်ကာ၊ Google Play ကဲ့သို့သော ဝန်ဆောင်မှုများကို ရနေဦးမည် ဖြစ်ပေသည်။

Google က Andriod အသစ်ထွက်လာလျှင်တော့ Huawei အနေဖြင့် update version စနစ်ကို ရမည် မဟုတ်ပေ။ Open source လိုင်စင်ကိုတော့ Huawei က ဆက်သုံးနေနိုင်မည်ဖြစ်သည်။ 

Google ၏ ကန့်သတ်ချက်အသစ်ကြောင့် Huawei ဆုံးရှူံးမှုများရှိနိုင်ကြောင်း ဈေးကွက်ဆိုင်ရာ သုံးသပ်သူများက သတိပေးထားသည်။ 

Huawei သည် လုံခြုံရေးအရ မယုံကြည်ရကြောင်း အနောက်အုပ်စုအစိုးရများက မကြာခဏ ပြောကြား မှုများ ရှိသည်။ 

တရုတ်အစိုးရခိုင်းတာ လုပ်နေခြင်း မဟုတ်ကြောင်း Huawei က တန်ပြန်ပြောထားသည်။

မည်သို့ပင်ဖြစ်စေ Google ကဲ့သို့ ဧရာမနည်းပညာကော်ပိုရေးရှင်း ၏ အဆက်ဖြတ်မှုကို ခံလိုက်ရခြင်းသည် Huawei အတွက် ကြီးစွာသော သက်ရောက်မှုတစ်ရပ်ဖြစ်သွားပြီဟု နည်းပညာစီးပွါး အကဲခတ်သူများက အတည်ပြုထားသည်။ 

အမေရိကန်ကုမ္ပဏီများ အလုပ်တွဲမလုပ်ရမည့် အမည်ပျက် ကုမ္ပဏီများ စာရင်းတွင် Huawei ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထည့်လိုက်ပြီး နောက် ပထမဆုံး စတင်အဆက်ဖြတ်သည့် ဧရာမ ကုမ္ပဏီကြီး ဖြစ်သည်။ 

Google Andriod နှင့် အဆက်ပြတ်ခြင်း ကိစ္စနှင့် ပတ်သက်ပြီး Huawei က တစုံတရာထုတ်ပြန်ခြင်း မရှိသေးပေ။ 

F-02


  • VIA