News

POST TYPE

LATEST NEWS POST

ရပ်ထားသည့်ကားကို ဝင်တိုက်မိ၍ ဆိုင်ကယ်မောင်း အမျိုးသမီးသေဆုံး
16-May-2019

ကျိုင်းတုံ၊ မေ ၁၆

တာချီလိတ်မြို့ ဗျူဟာကုန်းအဆင်း ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စု လမ်းမကြီးပေါ်တွင် မေ ၁၆ ရက် နံနက်ပိုင်းကစက်ပျက်၍ ရပ်ထားသည့် ၁၀ ဘီးကားကိုဝင်တိုက်မိ၍ ဆိုင်ကယ်မောင်းသည့် အမျိုးသမီးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကြောင်း တာချီလိတ်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၁၁၉) မှ ရဲအုပ်အောင်နိုင်က ပြောကြားသည်။

“ဆိုင်ကယ်က Speed အရမ်းများတော့ ရပ်ထားတဲ့ကားကို ရုတ်တရက်တွေ့ပြီး ဝင်တိုက်မိတဲ့သဘောပါ။ မောင်းတဲ့ကောင်မလေးက သေဆုံးပြီး နောက်ကလိုက်စီးလာတဲ့ ၃ နှစ်လောက်အရွယ် ယောက်ျားလေးက ဒဏ်ရာရပေမယ့် မစိုးရိမ်ရပါဘူး”ဟု ၎င်းက ဆိုသည်။

အဆိုပါဖြစ်စဉ်တွင် PCX ဆိုင်ကယ် မောင်းသူ မနန်းထစ် (၂၂ နှစ်)သည် နဖူးယာဘက်ခြမ်း ပေါက်ပြဲဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး မောင်စိုင်းအောင်မြင့်သည် ယာဘက်ဒူးပွန်းပဲ့(မစိုးရိမ်ရ)ရရှိခဲ့၍ မနန်းထစ်ကို ရာဇသတ်ကြီးပုဒ်မ - ၃၃၇၊ ၃၀၄ (က) ဖြင့် အရေးယူထားကြောင်း တာချီလိတ်မြို့မ ရဲစခန်းထံမှ သိရသည်။

R-16