News

POST TYPE

LATEST NEWS POST

ခရီးသွားလုပ်ငန်းမှ ဝင်ငွေ အများဆုံးရရှိသော အာဆီယံနိုင်ငံများစာရင်းတွင် မြန်မာအဆင့်ရှစ်ချိတ်
15-May-2019

ဘန်ကောက်၊ မေ ၁၅

ခရီးသွားလုပ်ငန်းမှနေ၍ ဝင်ငွေအများဆုံး ရှာဖွေရရှိခဲ့သော အာဆီယံနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံသာ နိုင်ငံပေါင်း ၁၀ နိုင်ငံရှိသည့်အနက် အဆင့်ရှစ်ရရှိခဲ့ကြောင်း သိရသည်။

မြန်မာ၏အောက်တွင် အဆင့် ၉ နင့် ၁၀ နေရာများ၌ ရပ်တည်နေသောနိုင်ငံများမှာ လာအိုနှင့် ဘရူနိုင်းတို့ဖြစ်ကြပြီး ဘရူနိုင်းမှာ ခရီးသွားလုပ်ငန်းကို အမှီသဟဲပြု၍ ဝင်ငွေရှာဖွေနေသော နိုင်ငံမဟုတ်ကြောင်း စစ်တမ်းများက ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ခရီးသွားအခန်းကဏ္ဍမှနေ၍ ဝင်ငွေရှာဖွေနိုင်မှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၈ ဘီလီယံသာရှိထားပြီး အာဆီယံနိုင်ငံများအနက်တွင် ခရီးသွားလုပ်ငန်းမှနေ၍ ဝင်ငွေအများဆုံး ရှာဖွေရရှိထားသည်မှာ ထိုင်းနိုင်ငံဖြစ်သည်။

ထိုင်းနိုင်ငံသည် ခရီးသွားလုပ်ငန်းမှနေ၍ အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၄၅ ဘီလီယံအထိ ရရှိထားကာ ထိုင်း၏နောက်တွင် အာဆီယံနိုင်ငံများအနက်မှနေ၍ ခရီးသွားလုပ်ငန်းကတစ်ဆင့် ဝင်ငွေအများဆုံး ရှာဖွေရရှိထားသော နိုင်ငံအဖြစ် ဒုတိယလိုက်နေသည်မှာ မလေးရှား (အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၂၂ ဘီလီယံ ရှာဖွေရရှိထားသည်)ဖြစ်သည်။

ခရီးသွားလုပ်ငန်းမှနေ၍ အာဆီယံနိုင်ငံများ ဝင်ငွေရရှိထားမှုစာရင်း
---------------------------
၁။ ထိုင်း (အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၄၅ ဘီလီယံ)
၂။ မလေးရှား(အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၂၂ ဘီလီယံ)
၃။ စင်ကာပူ(အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၈၈ ဘီလီယံ)
၄။ အင်ဒိုနီးရှား(အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၁၂ ဘီလီယံ)
၅။ ဗီယက်နမ်(အမေရိကန်ဒေါ်လာ ၈ ဒသမ ၈၉ ဘီလီယံ)
၆။ ဖိလစ်ပိုင်(အမေရိကန်ဒေါ်လာ ၈ ဒသမ ၃၅ ဘီလီယံ)
၇။ ကမ္ဘောဒီးယား(အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၅ ဘီလီယံ)
၈။ မြန်မာ(အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၈ ဘီလီယံ)
၉။ လာအို(အမေရိကန်ဒေါ်လာ ၀ ဒသမ ၇၇ ဘီလီယံ)
၁၀။ ဘရူနိုင်း(အမေရိကန်ဒေါ်လာ ၀ ဒသမ ၁၈ ဘီလီယံ)

E-11