News

POST TYPE

LATEST NEWS POST

ကောင်းကင်ကြိုးစီးခြင်းကစားနည်းပါဝင်သည့် Yangon Zipline Adventure Unit ဖွင့်လှစ်
26-Apr-2019


ဓာတ်ပုံ - ထွန်းအုပ်ချိန်၊ ဂျိုးဇက်

ရန်ကုန်၊ ဧပြီ ၂၆

ရန်ကုန်မြို့တွင် ပထမဆုံး Zip Line (ကောင်းကင်ကြိုးစီးကစားနည်း) များ ပါဝင်သည့် Yangon Zipline Adventure Unit ဖွင့်ပွဲကို ဧပြီ ၂၆ ရက်နေ့(ယနေ့) တွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် (ဘဲလှေစီးသည့်ကန်အနီး) ၌ ကျင်းပခဲ့သည်။

အဆိုပါ Yangon Zipline Adventure Unit တွင် ZIP Line (ကောင်းကင်ကြိုးစီးခြင်းကစားနည်း)၊ Quick Jump (အမြင့်မှခုန်ချခြင်းကစားနည်း)၊ Tree Climbing (သစ်ပင်တက်ကစားနည်း) နှင့် Wall Climbing (နရံတွယ်တက်ကစားနည်း) စုစုပေါင်းကစားနည်းလေးမျိုးကို ကစားနိုင်မည်ဖြစ်သည်။

လက်ရှိတွင် ZIP Line (ကောင်းကင်ကြိုးစီးခြင်းကစားနည်း) တစ်ခါစီးလျှင် စီးနင်းခအဖြစ် တစ်ဦးလျှင်
ကျပ် ၄၀၀၀ အဖြစ်လည်းကောင်း၊ Quick Jump (အမြင့်မှခုန်ချခြင်းကစားနည်း) နှင့် Tree Climbing (သစ်ပင်တက်ကစားနည်း) မှာ တစ်ဦးလျှင် ၁၅၀၀ ကျပ်ဖြင့်လည်းကောင်း ကစားနည်းသုံးမျိုးကစားနိုင်မည်ဖြစ်ပြီး Wall Climbing (နံရံတွယ်တက်ခြင်းကစားနည်း) ကို မေလကုန်တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။

ရန်ကုန် တိရိစ္ဆာန်ဥယျာဉ်တွင် ဖွင့်လှစ်ထားသည့် Yangon Zipline Adventure Unit ကို Htoo Construction Co.,Ltd က ရင်းနှီးမြုပ်နှံ၍ဖွင့်လှစ်ခြင်းဖြစ်သည်။