News

POST TYPE

LATEST NEWS POST

ရုရှားသမ္မတ ပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ သမိုင်းကြောင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီ
25-Apr-2019



ရုရှားသမ္မတ ပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ဟာ သမိုင်းကြောင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ကြပြီဖြစ်ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ နှစ်နိုင်ငံရဲ့ဆက်ဆံရေးကဏ္ဍတွေကို အခုထက်ပိုပြီး တိုးမြှင့်ကြဖို့ ပူတင်နဲ့ ကင်ဂျုံအန်တို့က အပြန်အလှန် ကတိပြုသွားခဲ့ကြပါတယ်။

ကရင်မလင်နန်းတော်ရဲ့သတင်းထုတ်ပြန်ချက်တွေအရ ပူတင်နဲ့ ကင်ဂျုံအန်တို့ မြောက်ကိုရီးယားရဲ့နျူကလီးယားဒုံးကျည် ပစ်လွှတ်စမ်းသပ်မှုလုပ်ငန်းစဉ်တွေကို အပြီးသတ်ဖျက်သိမ်း ရပ်ဆိုင်းပေးရေးအတွက် အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ သိခဲ့ရပါတယ်။

ကင်ဂျုံအန်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံဆွေးနွေးရာမှာ အဆင်မပြေမှုတွေရှိခဲ့တဲ့အတွက် ရုရှားရဲ့ထောက်ခံမှုကို ရရှိနိုင်အောင် အခုလိုမျိုး သမ္မတ ပူတင်နဲ့ တွေ့ဆုံလိုက်တာဖြစ်နိုင်တယ်လို့လည်း သုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာဖြစ်ပွားနေတဲ့ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားအကြားက သဘောထားတင်းမာမှုတွေ ပြေလျော့သွားအောင်လည်း သမ္မတပူတင်က ကြားဝင်ညှိနှိုင်းပေးဖို့ ကင်ဂျုံအန်က တောင်းဆိုသွားခဲ့ပါတယ်။ 

ရုရှားသမ္မတ ပူတင်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို ရုရှားနိုင်ငံရဲ့အရှေ့ဘက်စွန်းဖျားမှာရှိတဲ့ ဗလာဒီဗော့စတော့ခ် ဆိပ်ကမ်းမြို့ဆီက ရပ်စကီးကျွန်းမှာ လက်ခံတွေ့ဆုံသွားခဲ့တာဖြစ်ပါတယ်။