News

POST TYPE

LATEST NEWS POST

အင်းစိန်တွင် လူသတ်မှုဖြစ်
22-Apr-2019
ရန်ကုန်၊ ဧပြီ ၂၂ 

အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက် ကန်ဦးဘုန်းကြီးကျောင်းဝင်းအနီးတွင် အရက် အတူသောက်ရာမှ စကားများရန်ဖြစ်ပြီး အမျိုးသားတစ်ဦး အသတ်ခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
 
သေဆုံးသူ အသက် ၂၆ နှစ် ကိုထွန်းထွန်းဝင်းမှာ အောင်ဆန်းရပ်ကွက်ရှိ ကွင်းပိုင်းလမ်းတွင်နေထိုင်သူဖြစ်ပြီး ဧပြီ ၂၀ ရက် ညပိုင်းက ကန်ဦးဘုန်းကြီးကျောင်းဝင်းအနီးတွင် တစ်ရပ်ကွက်တည်းနေထိုင်သူ အသက် ၃၄ နှစ် ခင်မောင်ဝင်းနှင့် အရက် အတူသောက်စားရာမှ စကားများခဲ့သည်။

ယင်းသို့ စကားများရန်ဖြစ်စဉ် ခင်မောင်ဝင်းက အရှည် နှစ်ပေကျော်၊ လုံးပတ် ၇ လက်မခန့်ရှိ ဝါးတုတ်ဖြင့် ကိုထွန်းထွန်းဝင်းအား ရိုက်ခဲ့သောကြောင့် ဦးခေါင်းပေါက်ပြဲဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးနေသည်ကို ၎င်း၏အစ်ကိုဖြစ်သူမှ ဧပြီလ ၂၁ ရက် နံနက်ပိုင်းတွင် တွေ့ရှိသဖြင့် ရဲတပ်ဖွဲ့ထံ သတင်းပေးပို့ အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ယင်းလူသတ်မှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ ခင်မောင်ဝင်းကို ဖမ်းဆီးထားပြီး အင်းစိန်မြို့မရဲစခန်းမှ (ပ) ၁၀၁၇/၁၉ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03