News

POST TYPE

LATEST NEWS POST

တရုတ်နိုင်ငံအတွင်း ဖမ်းဆီးခံခဲ့ရသည့် မြန်မာအလုပ်သမား ၃၈၁ ဦးကို ပြန်လွှဲ
22-Apr-2019

မူဆယ်၊ ဧပြီ ၂၁

တရုတ်နိုင်ငံအတွင်းအကြောင်း အမျိုးမျိုးကြောင့်ဖမ်းဆီးခံခဲ့ရသူ ၃၈၁ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း မူဆယ်မြို့ ရွှေနန်းတော်ဝင် ထွက်ပေါက်ရှိ လူဝင်မှုကြီးကြပ်ရေးဌာနခွဲ အမှတ်(၇)ထံမှ သိရသည်။

“တရုတ်နိုင်ငံ ဆန်တုန်းငါးခွဲစက်ရုံက ဖမ်းဆီးခံခဲ့ရတဲ့မြန်မာအလုပ်သမား ၃၈၁ ယောက်ပါ။ အမျိုးသား ၂၃၆ ယောက် နဲ့ အမျိုသမီး ၁၄၅ ယောက်ကို ပြန်လွှဲပြောင်းပေးတာဖြစ်ပါတယ်”ဟု လူဝင်မှုကြီးကြပ်ရေးဌာနခွဲအမှတ် (၇) မှ ဌာနခွဲမှူး ဦးစောဝင်းလွင်က ပြောဆိုသည်။

မူဆယ်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးဌာနခွဲအမှတ်(၇) ရွှေလီနယ်စပ်ကာကွယ် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ 

မြန်မာအလုပ်သမားများမှာ တရုတ်နိုင်ငံဘက်ရှိစက်ရုံအလုပ်ရုံများ၊ စိုက်ခင်းကြီးများတွင် သွားရောက်လုပ်ကိုင်ခြင်းဖြစ်ပြီး အချို့မှာလည်း မူဆယ်နှင့် နမ့်ခမ်းမြို့များမှ တရုတ်နိုင်ငံအတွင်းသို့ နေ့ချင်းပြန် သွားရောက်အလုပ်လုပ်ကိုင်ကြခြင်းဖြစ်သည်။

R-07