News

POST TYPE

LATEST NEWS POST

ခေတ်ဟောင်း ကင်မရာပြပွဲကို မန္တလေးမြို့၌ ကျင်းပမည်
19-Apr-2019


မန္တလေး၊ ဧပြီ ၁၉

ခေတ်အဆက်ဆက်က ထွက်ရှိခဲ့သော ခေတ်ဟောင်းကင်မရာအလုံးရေ ၂၀၀ ကျော်ကို စုစည်းပြသမည့် ခေတ်ဟောင်းကင်မရာပြပွဲကို မန္တလေးမြို့ မြို့တော်ခန်းမတွင် ဧပြီလ ၂၃ ရက်မှ ဧပြီလ ၂၅ ရက်အထိ ကျင်းပပြုလုပ်သွားမည်။

“မျိုးဆက်သစ် ဓာတ်ပုံဝါသနာရှင်တွေ ကြည့်ရှုလေ့လာနိုင်စေဖို့ အဓိက ရည်ရွယ်ပြသရခြင်း ဖြစ်ပါတယ်။”ဟု ပြပွဲစီစဉ်သူ ဦးကျော်မင်းသက်က ပြောကြားသည်။ 

ယင်းပြပွဲတွင် Box Cameras ၊Folding Cameras ၊Rangefinder Cameras ၊Twin-lens Reflex Cameras၊Singal - lens Relex Cameras ၊Subminiature Cameras ၊Instant Cameras ၊Cine Cameras or Movie Cameras တို့အပြင် ခေတ်အဆက်ဆက် မျိုးဆက်အလိုက် ထွက်ရှိခဲ့သော ဖလင်ကင်မရာများကိုလည်း ခင်းကျင်းပြသသွားမည်ဖြစ်ပြီး ပထမအကြိမ် ခေတ်ဟောင်းကင်မရာပြပွဲကို ရန်ကုန်မြို့၌ ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ကျင်းပပြုလုပ်ခဲ့သည်။