News

POST TYPE

LATEST NEWS POST

သင်္ကြန် သုံးရက်အတွင်း သေဆုံးသူ ၂၃ ဦးအထိရှိ
16-Apr-2019


မန္တလေး၊ ဧပြီ ၁၆

သင်္ကြန်ပွဲတော်ကာလ ပထမသုံးရက်အတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု၊ ခိုက်ရန်ဖြစ်ပွားမှုနှင့် ရေနစ်သေဆုံးမှုတို့ကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း၌ သေဆုံးသူ ၂၃ ဦးအထိ ရှိနေပြီဖြစ်သည်။

အကြိုနေ့တွင် ဒဏ်ရာရရှိပြီး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ၃၄ ဦးတတ်ရောက်ခဲ့ပြီး သေဆုံးသူ သုံးဦး၊ အကျနေ့တွင် ဒဏ်ရာရရှိသူ ၁၀၅ ဦး၊ သေဆုံးသူ ၁၃ ဦး၊ အကြတ်နေ့တွင် ဒဏ်ရာရရှိသူ ၁၇၇ ဦး၊ သေဆုံးသူ ၇ ဦးရှိခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဆေးရုံတက်ရောက်သူပေါင်း ၃၁၆ ဦးအထိရှိပြီး သေဆုံးသူ ၂၃ ဦးတွင် ခိုက်ရန်ဖြစ်ပွားမှုကြောင့် သေဆုံးသူတစ်ဦး၊ ရေနစ်သေဆုံးသူ သုံးဦးမှအပ ကျန်သေဆုံးမှုများမှာ ယာဉ်တိုက်မှုကြောင့်သာဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။