News

POST TYPE

LATEST NEWS POST

မိတ္ထီလာတောင်ကန် ရေလယ်ဘုရားအနီးတွင် ရေနစ်သူနှစ်ဦး၏ အလောင်းပြန်တွေ့
16-Apr-2019



မိတ္ထီလာ၊ ဧပြီ ၁၆

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ တောင်ကန် ရေလယ်ဘုရားအနီးတွင် ရေနစ်ကာ ပျောက်ဆုံးသွားခဲ့သော အမျိုးသားနှစ်ဦး၏ အလောင်းကို ဧပြီ ၁၅ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်က ပြန်လည် တွေ့ရှိခဲ့ကြောင်း ရန်အောင်မြင် နာရေးကူညီမှု အသင်းထံမှ စုံစမ်းသိရှိရသည်။

ရေနစ်သေဆုံးသူနှစ်ဦးမှာ မိတ္ထီလာမြို့ ရှမ်းတဲနေ ဦးပြည့်ဖြိုးသူ (၂၉ နှစ်) နှင့် ဦးဝင်းကိုကိုကျော် (၂၇ နှစ်) တို့ဖြစ်ကြပြီး ယင်းတို့ နှစ်ဦးမှာ ဧပြီ (၁၄) ရက်နေ့ ညနေပိုင်းက ကန်အတွင်း ရေဆင်းချိုးရာမှ ပြန်ပေါ်မလာဘဲ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရေနစ်သေဆုံးမှုကို သေမှုသေခင်းအမှတ် (၆/ ၂၀၁၉) ဖြင့် ရေးဖွင့်စုံစမ်းစစ်ဆေးလျက်ရှိပြီး ဦးပြည့်ဖြိုးသူတွင် ဝဲ/ ယာ မျက်ကွင်း ဝဲ/ယာ နားရွက် ပါးစပ်တို့တွင် ငါးကိုက်ဒဏ်ရာများနှင့် ဦးဝင်းကိုကိုကျော်တွင်လည်း ယင်းဒဏ်ရာများတွေ့ရှိပြီး ပြင်ပဒဏ်ရာများ မတွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

သင်္ကြန်ကာလ နှစ်ရက်တွင် မိတ္ထီလာကန်အတွင်း၌ ရေဆင်းကစားရင်း ရေနစ်သေဆုံးသူ အမျိုးသား သုံးဦးခန့်ရှိခဲ့သည်။ 


R-01