News

POST TYPE

LATEST NEWS POST

ယင်းချောင်းတွင် ရေကစား ပြန်လာသော ဖောကား တိမ်းမှောက်၊ လူ ၁၈ ဦး ထိခိုက်ဒဏ်ရာရ
16-Apr-2019


ချောက်၊ ဧပြီ ၁၆

နတ်မောက်မြို့နယ် ယင်းချောင်းတွင် သင်္ကြန်အကြတ်နေ့က ရေကစားပြန်လာသော ဖောကား ယာဉ်မှာ ဧပြီလ ၁၅ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က နတ်မောက် - တောင်တွင်းကြီးလမ်းပိုင်း မိုင်တိုင်အမှတ် ၂၅ မိုင် ၄ ဖာလုံ လမ်းအကွေ့တွင် အရှိန်မထိမ်းနိုင်ဘဲ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အမျိုးသား ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ယင်းမြို့မရဲစခန်းမှ သိရသည်။

အဆိုပါယာဉ်ပေါ်တွင် တောင်တွင်းကြီးမြို့နယ် စစ်သားကျေးရွာဒေသခံ အမျိုးသား ၂၅ ဦးခန့် လိုက်ပါလာသော ယာဉ်တိမ်းမှောက်ခြင်းကြောင့် ထိခိုက်ဒဏ်ရာ ၁၈ ဦးအနက် ၁၆ ဦးအား နတ်မောက်မြို့ ဆေးရုံတွင် ဆေးကုမှုခံယူနေပြီး နှစ်ဦးစိုးရိမ်ရ၍ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။

ယာဉ်တိမ်မှောက်မှုနှင့်ပတ်သက်၍ ဖောကားယာဉ်ကို မောင်းနှင်သူ အသက် ၂၄ နှစ်အရွယ် အမျိုးသားကို နတ်မောက် မြို့မရဲစခန်း ကယာဉ် (ပ) ၁၁/ ၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၃၃၇/ ၂၀၂ ဖြင့် အမှုရေးဖွင့်ထားရှိသည်။

R-24