News

POST TYPE

LATEST NEWS POST

ရွှေနှင့် ဒေါ်လာဈေး ပြန်ကျ၊ စက်သုံးဆီဈေး ဆက်တက်
26-Mar-2019

ရန်ကုန်၊ မတ် ၂၆

ပြည်တွင်းရွှေဈေးနှင့် ဒေါ်လာဈေးနှုန်းများ ပြန်လည်ကျဆင်းသော်လည်း စက်သုံးဆီဈေးနှုန်းများ ဆက်လက်မြင့်တက်ကြောင်း ယင်းဈေးကွက်များအတွင်းမှ သိရသည်။

ပြည်တွင်းအခေါက်ရွှေဈေးသည် ကမ္ဘာ့ရွှေဈေးကျဆင်းခြင်းကြောင့် မတ်လတတိယပတ်ကထက် ၁၆ ပဲရည်တစ်ကျပ်သားလျှင် ကျပ်တစ်သောင်းနီးပါး၊ အမေရိကန်ဒေါ်လာတန်ဖိုးကျ၍ တစ်ဒေါ်လာလျှင် ၁၁ ကျပ်ခန့်ကျဆင်းပြီး စက်သုံးဆီမှာ တစ်လီတာလျှင် ၁၅ ကျပ်မှ ၂၀ ခန့်အထိ မြင့်တက်ကြောင်း ယင်းဈေးကွက်များအတွင်းမှ သိရသည်။

စက်သုံးဆီမှာ ဆက်လက်မြင့်တက်နိုင်ပြီး ရွှေဈေးနှင့် အမေရိကန်ဒေါ်လာဈေးတို့မှာမူ ဆက်ကျနိုင်ခြေနည်းပါးကြောင်း ယင်းလုပ်ငန်းရှင်များက ဆိုသည်။

လက်ရှိရွှေဈေးသည် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁,၀၆၀,၀၀၀ နှင့် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၁၆ ရှိပြီး ဒေါ်လာဈေးမှာ တစ်ဒေါ်လာလျှင် ၁၅၁၁ ကျပ်ဈေးရှိကြောင်း ငွေကြေးဈေးကွက်နှင့် ရွှေဘုံသာရွှေဈေးကွက်အတွင်းမှ သိရသည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ဒီဇယ်တစ်လီတာလျှင် ၉၇၅ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာလျှင် ၉၈၅ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၈၀၀ ကျပ်နှင့် အောက်တိန်း ၉၅ တစ်လီတာလျှင် ၈၈၅ ကျပ်ဈေးရှိပြီး ပြည်ပဈေးမှာ အောက်တိန်း ၉၂ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၄ ကျော်၊ အောက်တိန်း ၉၅ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၅ ကျော်၊ ဒီဇယ်တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၉ ကျော်၊ အဆင့်မြင့်ဒီဇယ် တစ်စည်လျှင် ၇၉ ကျော်ဈေးရှိကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။
S-04