News

POST TYPE

LATEST NEWS POST

ဟင်္သာတတွင် ကလေးများအတွက် စာကြည့်တိုက်ဖွင့်မည်
21-Mar-2019

ဟင်္သာတ၊ မတ် ၂၁

ကလေးသူငယ်များ လိမ္မာရေးခြားရှိစေရန်နှင့် အသိဉာဏ်ပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟင်္သာတမြို့ သုံးပင်ကွင်းရပ်ကွက်၌ စာကြည့်တိုက်တစ်ခု မတ်လ ၂၄ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း စီစဉ်သူများထံမှ သိရသည်။

သုံးပင်ကွင်းရပ်ကွက်အတွင်းရှိ အလှူရှင် စာပေဝါသနာရှင်များ စုပေါင်း၍ ငွေကျပ် သိန်းရှစ်ဆယ်ကျော် အကုန်အကျခံကာ ရပ်ကွက်ပိုင်မြေနေရာတွင် စာကြည့်တိုက် တည်ဆောက်ပြီးစီးပြီဖြစ်သောကြောင့် မတ်လ ၂၄ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ အဆိုပါ စာကြည့်တိုက်တွင် စာအုပ် အမျိုးအစားပေါင်း တစ်ထောင်ဝန်းကျင်ထားရှိပြီး အသက်အရွယ်မရွေး မည်သူမဆို အခမဲ့ ဖတ်ရှုနိုင်ကြောင်း စာကြည့်တိုက်ကော်မတီထံမှ သိရသည်။

စာကြည့်တိုက်၏ အဓိက ရည်ရွယ်ချက်မှာ ကလေးသူငယ်များအတွက် ရည်ရွယ်ထားခြင်းဖြစ်ပြီး စာမဖတ်တတ်သေးသည့် ကလေးငယ်များအတွက် အလှည့်ကျ တာဝန်ယူ၍ ဖတ်ရှုပြမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်၏အမည်ကို ပညာဥယျာဉ်ဟု အမည်ပေးထားကာ ညနေ ၆ နာရီ မှ ည ၉ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊ စာအုပ်ငှားရမ်းလိုသူများကိုလည်း ငှားရမ်းပေးမည်ဖြစ်ကြောင်း စာကြည့်တိုက်ကော်မတီ အတွင်းရေးမှူး ကိုဇင်ကိုဦးက ပြောကြားသည်။

R-13