News

POST TYPE

LATEST NEWS POST

မင်္ဂလာဈေးတွင် တရားမဝင် ကာမလိင်စိတ်ကြွဆေးများ ရောင်းချနေသူကို ဖမ်းဆီး
19-Mar-2019

ရန်ကုန်၊ မတ် ၁၈ 

မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်း ရပ်ကွက်ရှိ မင်္ဂလာဈေး(ယာယီ)တွင် မတ်လ ၁၇ ရက် ညနေပိုင်းက တရားမဝင် ကာမလိင်စိတ်ကြွဆေးများ ရောင်းချနေကြောင်း သတင်းရရှိသည့် ဆိုင်ကို ဝင်ရောက်ရှာဖွေ စစ်ဆေးရာမှ သက်သေခံပစ္စည်းများနှင့်အတူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အမျိုးသား ဆေးဝါးဥပဒေပုဒ်မဖြင့် ဖမ်းဆီးခံရသူ အသက် ၄၅ နှစ် အမျိုးသား၏ ဆိုင်အတွင်းမှ အမျိုးသား လိင်အင်္ဂါကြီးထွားစေရန် အသုံးပြုသည့် လိမ်းဆေးနှင့် ကိရိယာများ၊ အမျိုးသား ကာမအားတိုးဆေး ထိုးဆေး/သောက်ဆေးများပါရှိသည့် ဆေးဘူးများ အပါအဝင် ဈေးရောင်းရငွေ ကျပ်သုံးသောင်းကျော်ကို သိမ်းဆည်းရမိခဲ့သည်။

သိမ်းဆည်းရမိခဲ့သည့် တရားမဝင် ကာမလိင်စိတ်ကြွဆေးများနှင့် ကိရိယာပစ္စည်းများကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ပြီး အသက် ၄၅ နှစ် အမျိုးသားကို မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းက အမျိုးသားဆေးဝါး ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

S-03