News

POST TYPE

LATEST NEWS POST

ဘင်္ဂလားဒေ့ရှ် ပညာရေးဝက်ဘ်ဆိုက် ၁၀ ခုခန့်ကို မြန်မာဟက်ကာများ ထပ်မံသိမ်းပိုက်
15-Mar-2019

ရန်ကုန်၊ မတ် ၁၅

ယနေ့ မတ်လ ၁၅ ရက်အစောပိုင်းက ဘင်္ဂလားဒေ့ရှ် ဝက်ဘ်ဆိုက် ၅၀ ကျော်ခန့်ကို မြန်မာဟက်ကာများက တိုက်ခိုက်ခဲ့ပြီးနောက် ဆက်လက်ပြီး ဘင်္ဂလားဒေ့ရှ် ပညာရေးဝက်ဘ်ဆိုက် ၁၀ ခုခန့်ကို မြန်မာဟက်ကာများက ထပ်မံသိမ်းပိုက်လိုက်သည်။

ယင်းဝက်ဘ်ဆိုက်များကို မြန်မာဟက်ကာများက သိမ်းပိုက်ပြီးနောက် Deface ပြုလုပ်ခဲ့သည်။

မြန်မာဘက်မှ တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေသော်လည်း တစ်ဖက်မှ တုံ့ပြန်တိုက်ခိုက်ခြင်း တစ်စုံတရာပြုလုပ်လာခြင်း မရှိသေးကြောင်း UGMH မြန်မာဟက်ကာအဖွဲ့က The Voice ၏မေးမြန်းမှုကို ဖြေကြားထားသည်။

UGMH က “တစ်ဖက်က တုံ့ပြန်လာတာမျိုးတော့ သိပ်မတွေ့ရသေးပါဘူး။ ဒါပေမယ့် သူတို့ဆီက Web Developer တွေကတော့ အချိန်ပြည့် စောင့်ကြည့်နေကြပါတယ်။ ကျနော်တို့ဝင်တာနဲ့ ပြန်တွန်းထုတ်တာ တွေခံရတာရှိပါတယ်။ ဒါတွေတော့ရှိပါတယ်။”ဟု ဆိုသည်။

ပြည်တွင်းမှ Developer များကလည်း ယခုကဲ့သို့ မြန်မာဘက်မှ တိုက်ခိုက်မှုကြောင့် မြန်မာဘက်မှ ထိခိုက်မှုများနှင့် ကာကွယ်မှုများ ပြုလုပ်ရန်လိုအပ်လာမှုကြောင့် မြန်မာဟက်ကာများကို ဝေဖန်မှုများရှိသည်ဟု UGMH ကဆိုသည်။

လက်ရှိတိုက်ခိုက်မှုများကို ဆက်လက်ဆောင်ရွက်နေမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး မမှန်သတင်းများ ဆက်လက်ဖြန့်ဝေနေသရွေ့ တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဟုလည်း ၎င်းတို့ကဆိုသည်။

UGMH အနေဖြင့် မြန်မာနိုင်ငံအပေါ် မမှန်သတင်းများဖြင့် ဝါဒဖြန့်မှုများကြောင့် ၂၀၁၇ ခုနှစ်အတွင်းကလည်း တူရကီမှ ဟက်ကာများနှင့် အပြန်အလှန် ဆိုက်ဘာတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

မောင်မန်း