News

POST TYPE

LATEST NEWS POST

ချောက်တွင် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲအကြို စတစ်ကာ ကမ်းပိန်းပြုလုပ်
15-Mar-2019



ချောက် မတ်လ ၁၅

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးစိတ်ဝင်စားသော မကွေးတိုင်း ချောက်မြို့ပေါ်ရှိ ဒေသခံပြည်သူ ၄၀ ခန့်က ယင်းမြို့၏ လူစည်ကားသောနေရာများတွင် ထောက်ခံပွဲအကြို စတစ်ကာ ၈၀၀၀ ကျော်ကို ယနေံနံနက်ပိုင်းစတင်၍ ၁၆ ရက်နေ့အထိ နှစ်ရက်တာ စတစ်ကာကမ်းပိန်း စတင်ပြုလုပ်သည်။

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးထောက်ခံပွဲကို မတ်လ ၁၇ ရက်နေ့ မနက်ပိုင်းတွင် ယင်းမြို့၌ ပြုလုပ်မည်ဖြစ်၍ မြို့ပေါ်နှင့် ကျေးရွာများ၏ ပြည်သူလုထုများသိရှိအောင် စတစ်ကာကမ်းပိန်း ပြုလုပ်ခြင်းဖြစ်သည်ဟု ကိုမျိုးကိုက ပြောကြားသည်။

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး စိတ်ပါဝင်စားသူ ဒေသခံ ကိုမျိုးကိုက “ကမ်ပိန်းပြုလုပ်ဖို့ စတစ်ကာ လေးမျိုးလုပ်ထားတယ်။ တစ်လက်မခွဲပတ်လည်နဲ့ သုံးလက်မ ပတ်လည်ကို ဖုန်းတွေကပ်ဖို့။ လေးလက်မ သုံးလက်မကို ဆိုင်ကယ်တွေကပ်ဖို့။ ကားတွေကပ်ဖို့ကို ခြောက်လက်မ ၁၂ လက်မတွေ လုပ်ထားတယ်။ စုစုပေါင်း စတစ်ကာလေးမျိုး ရှစ်ထောင်လုပ်ထားပါတယ်”ဟု ၄င်းက ပြောသည်။

ယင်းစတစ်ကာကမ်ပိန်း၌ ရွှေညာမောင်မယ်အဖွဲ့၊ ရင်ခွင်မဲ့ကလေးလျှော့ချရေးအဖွဲ့နှင့် စိမ်းလန်းကမ္ဘာကွန်ရက်အဖွဲ့တို့က ပူးပေါင်းပါဝင်သည်။

R-24

ဓာတ်ပုံ - နေနိုင်