News

POST TYPE

LATEST NEWS POST

အမေရိကန်နည်းပညာညီလာခံသို့ တက်ရောက်နိုင်
21-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

အမေရိကန်ပြည်ထောင်စု Texas ပြည်နယ် Houston မြို့ NRG Park တွင် မေလ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ ပြုလုပ်မည့် “Offshore Technology Conference – OTC 2019” ကို အမေရိကန်သံရုံး (ရန်ကုန်) က ဦးဆောင်၍ စီးပွားရေးကိုယ်စားလှယ်အဖွဲ့များ သွားရောက်ရန်ရှိပြီး စိတ်ပါဝင်စားသူများလည်း တက်ရောက်နိုင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

ယင်းညီလာခံတွင် ရေနံတူးဖော်ရှာဖွေ ထုတ်လုပ်သည့်ကုမ္ပဏီများ၊ ဆက်စပ်လုပ်ငန်းကုမ္ပဏီများ၊ နောက်ဆုံးပေါ် စက်ပစ္စည်းကိရိယာ ထုတ်လုပ်သူများ၊ ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူများက ဆက်စပ်ပစ္စည်းများကို ခင်းကျင်းပြသမည်ဖြစ်ပြီး တက်ရောက်သူများသည် ကုမ္ပဏီလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆွေးနွေး လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများရရှိမည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

လိုက်ပါတက်ရောက်မည့်သူများအတွက် အမေရိကန်သံရုံးက ကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး ညီလာခံတက်ရောက်မည့်သူများသည် မိမိစရိတ်ဖြင့် လိုက်ပါတက်ရောက်ရမည်ဖြစ်ကာ တက်ရောက်လိုသည့် လုပ်ငန်းရှင်များက အီးမေးလ် [email protected] ထံ တိုက်ရိုက်အမည်စာရင်းပေးပို့ကာ မိတ္တူကို နိုင်ငံတကာဆက်ဆံရေးဌာန အီးမေးလ် [email protected] ထံ ဖေဖော်ဝါရီလ ၂၂ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထား ပေးပို့ရမည်ဖြစ်သည်။

ညီလာခံနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဝက်ဘ်ဆိုက် http://2019.otcnet.org/register သို့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

J-11