News

POST TYPE

LATEST NEWS POST

အလုံလမ်းနှင့် သာသနာ့ဝင်း ပတ်လမ်းတွင် ကျပ်သိန်းသုံးရာသုံးစွဲ၍ မြေထိန်းနံရံဆောက်မည်
20-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

အလုံမြို့နယ်အတွင်းရှိ သာသနာ့ဝင်းပတ်လမ်းနှင့် အလုံလမ်းဘေးတစ်လျှောက်တွင် ကျပ်သိန်းသုံးရာသုံးစွဲ၍ မြေထိန်းနံရံတစ်ခု တည်ဆောက်ရန်ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

“အခုနောက်ပိုင်းမှာ တော်တော်ကြီးကို ယိုယွင်းလာတယ်။ သစ်သားတိုင်တွေနဲ့ဆိုတော့ လူသွားလူ လာအတွက်ရော ကားတွေအတွက်ပါ အန္တရယ်များတယ်။ ညအခါဆို ပိုဆိုးပါတယ်။ ဒီနေရာကို မြေထိန်းနံရံ ဆောက်ပေးဖို့ တွက်ချက်မှုတွေ လုပ်ထားပါပြီ” မြို့တော်ဝန်က ပြောဆိုသည်။

ထို့ကြောင့် ၂၀၁၉ - ၂၀၂၀ ဘတ်ဂျတ်တွင် ထည့်သွင်းတောင်းခံရန် လျာထားကြောင်း၊ ယင်းနေရာသည် လမ်းကွေ့အရှည် ပေ ၂၅၀ ရှိသည့်အတွက် မော်တော်ယာဉ်များ၊ လမ်းလျှောက်သွားသူများအတွက် အန္တရာယ်ရှိသည့် နေရာတစ်ခုဖြစ်ကြောင်း မြို့တော်ဝန်က ဆက်လက်ပြောဆိုသည်။

အလုံမြို့နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကျင်းပသည့် ရန်ကုန်တိုင်းလွှတ်တော်တွင် အလုံလမ်းနှင့် သာသနာ့ဝင်း ပတ်လမ်းဘေးနှင့် အလုံလမ်းမဘေးတွင် မြေထိန်းနံရံ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းကို ဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

J-17