News

POST TYPE

LATEST NEWS POST

မန္တလေးမှ ဗန်းမော် ဧရာဝတီမြစ်ကြောင်းတွင် ဧရာဝတီလင်းပိုင် ၇၂ ကောင်တွေ့ရှိ
17-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

မန္တလေးမှ ဗန်းမော်အထိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် ဧရာဝတီလင်းပိုင်ကောင်ရေကို သုတေသနပြုလေ့လာခဲ့ရာ ကောင်ရေ ၇၂ ကောင်ကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) က သတင်းထုတ်ပြန်သည်။

အဆိုပါ သုတေသနပြု လေ့လာခြင်းကို ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့မှ ၁၆ ရက်နေ့အထိ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ကာ မန္တလေးနှင့် ကျောက်မြောင်းကြား ဧရိယာအတွင်း ၂၄ ကောင်၊ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာသစ်အဖြစ် တိုးချဲ့ခဲ့သည့် မလယ်မြို့နယ်နှင့် ရွှေကူမြို့နယ်ဧရိယာကြားတွင် ၃၄ ကောင်၊ ဗန်းမော်တွင် ၁၄ ကောင် စုစုပေါင်း ၇၂ ကောင်ကို သုတေသနပြု မှတ်တမ်းတင်နိုင်ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့်၂၀၁၈ ခုနှစ်က ပြုလုပ်ခဲ့သည့် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးသုတေသနစစ်တမ်းတွင် မန္တလေးနှင့် ကျောက်မြောင်းကြား ဧရိယာတွင် ၂၆ ကောင်၊ မလယ်မြို့နယ်နှင့် ရွှေကူမြို့နယ်ကြား ဧရိယာတွင် ၃၇ ကောင်၊ ဗန်းမော်ဘက်တွင် ၁၃ ကောင်တို့ကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ထံမှ သိရသည်။

E-03