News

POST TYPE

LATEST NEWS POST

မန္တလေးတွင် နှမ်းဖြူဈေးတက်
17-Feb-2019

မန္တလေး၊ ဖေဖော်ဝါရီ ၁၇ 

မန္တလေးကုန်စည်ဈေးကွက်အတွင်း နှမ်းဖြူ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ်တစ်သောင်းခန့် ဈေးနှုန်းမြင့်တက်ကြောင်း နှမ်းကုန်သည်များထံမှ သိရသည်။

တရုတ်၏ ဆီထွက်သီးနှံဝယ်လိုအားကောင်းခြင်းနှင့် ပစ္စည်းရှားပါးလာခြင်းကြောင့် မန္တလေးဈေးကွက်တွင် အရောင်းအဝယ်ကောင်းမွန်ပြီး ဈေးနှုန်းမြင့်တက်ခြင်းဖြစ်ကြောင်း မန္တလေးမြို့ ကျောက်ဆည်ပွဲရုံ ပိုင်ရှင် ဦးမောင်စိုးက ပြောကြားသည်။

ယခုကာလသည် နွေနှမ်းစိုက်ပျိုးမည့် ကာလဖြစ်သည့်အတွက် လာမည့်ဇွန်လရောက်မှသာ နှမ်းထွက်ရှိတော့မည်ဖြစ်ပြီး လတ်တလော နှမ်းဖြူသည် ဈေးကွက်၌ ပစ္စည်းလက်ကျန်ပြတ်လတ်နေကြောင်း ၎င်းက ပြောကြားသည်။

“တရုတ်က အကုန်ဆွဲသွားတာ။ ပစ္စည်းရှားတော့ ဈေးမြောက်သွားတာပဲ”ဟု ၎င်းက ပြောဆိုသည်။

မန္တလေးကုန်ုစည်ဈေးကွက်အတွင်း ဖေဖော်ဝါရီပထမပတ်အတွင်းက နှမ်းဖြူအသစ် သုံးတင်းဝင်တစ်အိတ်လျှင် ၁၇၅၀၀၀ ကျပ်ခန့်မှ ယခုအခါ သုံးတင်းဝင်တစ်အိတ်လျှင် ၁၈၅,၀၀၀ ကျပ်သို့ မြင့်တက်ကြောင်း ယင်းဈေးကွက် အတွင်းမှ သိရသည်။

M-08